စိတ်တောင်မကူးဖူးတဲ့ ခက်ခဲမှုတွေကိုရင်ဆိုင်ခဲ့ရပေမယ့် နောက်မဆုတ်တမ်း တိုက်ပွဲဝင်နေတဲ့ PDF လေးတွေရဲ့ ပုံရိပ်တစ်ချို့

//s9.kh1.co/10/1035fa8142a486bc170a4e3cfee3bf2e292a02d3.png
နေ့စဉ်သတင်းများ

 ၁၀-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

..

အာဏာသိမ်းမှုဖြစ်စဉ်စတင်ခဲ့တဲ့ ဖေဖော်ဝါရီကတည်းက ယနေ့ထက်တိုင် ပြည်သူတွေလည်း ဒုက္ခများခဲ့ သလို တောထဲက PDF တွေရဲ့ဘဝတွေလည်း မအေးချမ်းနိုင်သေးပါဘူး။ (၈) လ ကျော်လာပြီဖြစ်တဲ့ ဒီတော်လှန်ရေးကာလကြီးဟာ နှစ်ဖက်အခြေအနေ ပိုမိုတင်းမာလာခဲ့ပြီး အထိအခိုက်အကျအဆုံး တွေလည်းရှိလာခဲ့ပါတယ်။ မအေးချမ်းတဲ့အခြေအနေတွေမို့ PDF တွေလည်း အသက်နဲ့ရင်းပြီး တိုက်ပွဲဝင်နေတဲ့ကာလတွေမှာ ဖြစ်သလိုနေ ဖြစ်သလိုစားရင်း အခြေအနေဆိုးတွေကို ကြံ့ကြံ့ခိုင်ရင်ဆိုင်နေခဲ့ပါတယ်။

Photo Credit - ဗိုလ်နဂါး's FB Acc
Photo Credit - ဗိုလ်နဂါး's FB Acc
Photo Credit - ဗိုလ်နဂါး's FB Acc
Photo Credit - ဗိုလ်နဂါး's FB Acc

ဒီနေ့မှာလည်း PDF လူငယ်လေးတစ်ယောက်ဟာ သူတို့အဖွဲ့သားတွေရဲ့ တောထဲက ဖြတ်သန်းမှုပုံရိပ် တစ်ချို့ကို လူမှုကွန်ယက်မှာဝေမျှလာခဲ့ပါတယ်။ ခက်ခဲတယ်ဆိုတာထက်ပိုတဲ့ အခြေအနေဆိုးတွေကို ရင်ဆိုင်နေရပေမယ့် တစ်ချက်လေးမှ မညီးညူဘဲ ပြည်သူ့အောင်ပွဲအတွက် ရေဆုံးမြေဆုံးကြိုးစားပေးနေ ကြတာ ကျေးဇူးတင်စကားကောင်းပါတယ်။ ရှိတာလေးနဲ့မျှစားရင်း ရဲဘော်ရဲဘက်စိတ်အပြည့်နဲ့ အပြန်အလှန်ဖေးမကူညီနေခဲ့ကြပါတယ်။

Photo Credit - ဗိုလ်နဂါး's FB Acc
Photo Credit - ဗိုလ်နဂါး's FB Acc
Photo Credit - ဗိုလ်နဂါး's FB Acc
Photo Credit - ဗိုလ်နဂါး's FB Acc

အစားအသောက်ရှားပါးတဲ့အချိန်တွေမှာလည်း ဖြစ်သလိုမျှစ်လေးတွေချိုးပြီးစားခဲ့ကြပါတယ်။ ထမင်းတွေကိုဒယ်အိုးထဲထည့်ကာ ပုန်းရည်ကြီးသုပ်နဲ့နယ်ပြီး ဒယ်အိုးထဲကပဲ အတူတူနှိုက်စားခဲ့တဲ့ စည်းလုံးမှုဟာလည်း မြင်ရတဲ့သူတွေအတွက်တော့ ဝမ်းနည်းဝမ်းသာ ဖြစ်ရပါတယ်။ စည်းလုံးမှု၊ စိတ်ဓာတ်ကြံ့ခိုင်မှုတွေအပြင် မတရားမှုကိုခေါင်းငုံ့မခတ်တတ်တဲ့ စိတ်ထားလေးတွေကြောင့်လည်း ပြည်သူတွေရဲ့ချစ်ခြင်းမေတ္တာကိုအပြည့်အဝရထားတဲ့ PDF လေးတွေဖြစ်နေခဲ့တာပါ။

Photo Credit - ဗိုလ်နဂါး's FB Acc
Photo Credit - ဗိုလ်နဂါး's FB Acc

သတင်း အရင်းအမြစ်ဗိုလ်နဂါး's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T