အကြမ်းဖက်မှုမှာပါဝင်တယ်ဆိုပြီး ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတဲ့ ဇော်ဝင်းထွဋ်ရဲ့သား အဆိုတော်အီတိုး

//s9.kh1.co/e2/e2da53018544a0c011dbd4fd41bae3d0de67b02c.jpeg
အနုပညာရှင်များ

 ၁၀-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

..

အဆိုတော်ဇော်ဝင်းထွဋ်ရဲ့သားဖြစ်သူ အဆိုတော်အီတိုးကတော့ စက်တင်ဘာ (၈)ရက်နေ့က  နေအိမ်ကနေ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတယ်လို့ သိရပါတယ်။ အီတိုးဟာ အကြမ်းမှုများမှာ ပါဝင်တယ်ဆိုပြီး ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်အတွင်းက (၈)မိုင်ရှိ သူ့ရဲ့နေအိမ်ခြံဝန်းမှာ ဖမ်းဆီးခံလိုက်တာ ဖြစ်ပါတယ်။

Photo Credit - Original Uploader
Photo Credit - Original Uploader

အဆိုတော်အီတိုး (၈)မိုင်ခြံမှာ ဝင်ရောက်ဖမ်းဆီးခံခဲ့ပြီးနောက် (၉)မိုင်ရှိ ခြံဝန်းတစ်ခု အတွင်းက အီတိုးနဲ့ဆက်စပ်သူ လူငယ်များကိုလည်း ဖမ်းဆီးသွားတယ်လို့လည်း သိရပါတယ်။ အကြမ်းဖက်မှုမှာ ပါဝင်တယ်ဆိုပြီး ဖမ်းဆီးခေါ်ဆောင်သွားပေမယ့် လက်နက်တွေနဲ့အတူ ဖမ်းဆီးခံရတာ မဟုတ်ဘူးဘဲ ခြံဝန်းအတွင်းမှာရှိတဲ့လူတွေအားလုံးကို ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။ (၉)မိုင်ခြံဝန်းကို မနက်(၄) နာရီမှာ လာရောက်ကာ ခြံဝန်းထဲကလူတွေကို ခေါ်သွားပြီး အခုထိ အဆက်အသွယ် မရသေးဘူးလို့လည်း နီးစပ်သူက ပြောပြထားပါတယ်။

Photo Credit - Original Uploader
Photo Credit - Original Uploader

အီတိုးနဲ့အတူ ဖမ်းဆီးခံထားရလူငယ်တွေအားလုံးကို ရေကြည်အိုင် စစ်ကြောရေးသို့ ဖမ်းခေါ်သွားကြောင်း သတင်းတွေလည်း ထွက်ပေါ်နေပေမယ့် အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။ ပရိသတ်တွေနဲ့ မိတ်ဆွေသူငယ်ချင်းတွေအားလုံးကလည်း စိတ်မကောင်းဖြစ်နေကြသလို အမြန်ဆုံးပြန်လည်လွတ်မြောက်လာစေဖို့ကိုလည်း ဆုတောင်းပေးထားကြတာ ဖြစ်ပါတယ်။

Photo Credit - Original Uploader
Photo Credit - Original Uploader
Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T