စမ်းချောင်းထဲမှာ ရေအတူချိုးကြရင်းအချင်းချင်း ချစ်ချစ်ခင်ခင်နဲ့ရောက်တဲ့နေရာမှာ ပျော်အောင်နေနေကြတဲ့ PDFရဲဘော်လေးတွေရဲ့ ဗီဒီယိုဖိုင်

//s9.kh1.co/c4/c4c72f0cebe8694380995e673a16ee2174a28755.jpg
နေ့စဉ်သတင်းများ

 ၁၀-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

စစ်မှန်တဲ့ ဖယ်ဒရယ်ဒီမိုကရေစီကို လိုလားကြတဲ့ GZလူငယ်တွေကတော့ ယနေ့အချိန်ထိ အာဏာရှင်လူတစ်စုကို နည်းမျိုးစုံဖြင့် ဆန္ဒပြတော်လှန်လှုပ်ရှားနေကြတာဖြစ်ပါတယ်.....။ Gen Zလူငယ်လေးတွေဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တွေအနေနဲ့ ခံယူပြီး လွတ်မြောက်ဒေသတွေမှာ စစ်ပညာကြိုးစားသင်ယူနေကြတာပါ ။ တိုင်းပြည်နဲ့ လူမျိုးအတွက် တန်ဖိုးရှိတဲ့ အရာတွေကို စွန့်ခွာပြီး တောတောင်တွေထဲမှာ ခက်ခဲကြမ်းတမ်းစွာနဲ့ ယုံကြည်ရာကို လျှောက်လှမ်းနေကြတဲ့ လူငယ်လေးတွေပဲ ဖြစ်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

NUG အစိုးရဘက်ကနေ ဒီဒေးကြေငြာလိုက်ပြီးတဲ့နောက်မှာ ပေါက်ကွဲမှုတွေနဲ့ တိုက်ပွဲတွေလည်း နေ့ရက်တိုင်းလိုလိုဖြစ်ပေါ်နေပြီး PDFရဲဘော်တွေအနေနဲ့လည်း စစ်ရေးအတွက် ပြင်ဆင်တိုက်ပွဲ၀င်နေကြပြီဖြစ်ပါတယ်။ တောထဲတောင်ထဲမှာ အဆင်မပြေမှုတွေများစွာရှိပေမယ့်လည်း ရဲဘော်တွေဟာ အချင်းချင်းညီအစ်ကိုရင်းတွေပမာ စည်းစည်းလုံးလုံးနဲ့နေထိုင်ကြတာကိုလည်း တွေ့ရပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader

မကြာသေးမီကလည်း PDF ရဲဘော်တစ်ဦးဟာ သူ့ရဲ့ Facebookစာမျက်နှာမှာ ရေမချိုးရတာတစ်ပတ်ကျော်နေတဲ့အချိန်မှာ စမ်းချောင်းလေးတွေ့သွားတာကြောင့် ပျော်ပျော်ပါးပါးနဲ့ ရေဆင်းချိုးကြရင်း အချင်းချင်းစနောက်နေကြတဲ့ ရဲဘော်တွေရဲ့ ဗီဒီယိုလေးကိုတင်ပေးလာပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader

သတင်း အရင်းအမြစ်Myanmarload

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T