ပုလဲမြို့နယ်၊ ပုပ္ပါးရွာအနီးက Mytelတာဝါတိုင်တစ်ခု မိုင်းခွဲဖျက်ဆီးခံရပြီး အင်ဂျင်လုံးကွဲကာ မီးလောင်ပျက်စီးနေတဲ့ ဗီဒီယိုဖိုင်

//s9.kh1.co/09/095fa94f71fee2b2a779bc764393c9f308a5e1f8.jpg
နေ့စဉ်သတင်းများ

 ၁၀-စက်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

ပုလဲမြို့နယ်၊ ပုပ္ပါးရွာအနီးက Mytelတာဝါတိုင်တစ်ခု မိုင်းခွဲဖျက်ဆီးခံရပြီး အင်ဂျင်လုံးကွဲကာ မီးလောင်ပျက်စီးနေတဲ့ ဗီဒီယိုဖိုင်

နိုင်ငံတော်ကို အရေးပေါ်အခြေအနေအဖြစ် ကြေညာလိုက်တဲ့ စက်တင်ဘာလ(၇)ရက်နေ့ နောက်ပိုင်း နိုင်ငံအနှံ့က နေရာအများအပြားမှာ ဗုံးပေါက်ကွဲမှုတွေ၊ တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပါတယ်။ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အပြစ်မဲ့ပြည်သူတွေ အသက်သေဆုံးတဲ့ သတင်းတွေကိုလည်း စိတ်မကောင်းစွာနဲ့ ကြားသိနေရပါတယ်။ Mytelတာဝါတိုင်တွေဟာလည်း ယခုရက်ပိုင်းအတွင်း မိုင်းခွဲတိုက်ခိုက်ခံရမှုတွေ၊ ဖျက်ဆီးခံရမှုတွေကြောင့် နိုင်ငံရဲ့ နေရာအနှံ့က mytelတာဝါတိုင်အချို့ ပျက်စီးသွားခဲ့ရပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder

စက်တင်ဘာလ (၉)ရက်နေ့ မနေ့ညကတော့ ပုလဲမြို့နယ်အတွင်းက Mytelတာဝါတိုင်တစ်ခု မိုင်းခွဲဖျက်ဆီးခံခဲ့ရပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ ပုပ္ပါးရွာအနီးက Mytelတာဝါတိုင်တစ်ခု ဖျက်ဆီးခံခဲ့ရတာဖြစ်ပြီး မီးလောင်ပျက်စီးနေတဲ့ ဗီဒီယိုဖိုင်ဟာ လူမှုကွန်ယက်စာမျက်နှာထက်မှာ ထွက်ပေါ်လာခဲ့ပါတယ်။ အင်ဂျင်လုံးကွဲထွက်သွားပြီး အရှိန်အဟုန်ပြင်းပြင်းနဲ့ မီးလောင်ပျက်စီးနေတာကို ဗီဒီယိုဖိုင်ထဲမှာ မြင်တွေ့ရပါတယ်။ ယခုမိုင်းခွဲမှုကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ကြောင်း ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

စက်တင်ဘာ(၇)ရက်နေ့က Mytelတာဝါတိုင် (၄)တိုင်၊ စက်တင်ဘာ (၈)ရက်နေ့က (၁)တိုင် ပုလဲမြို့နယ်အတွင်းမှာ မိုင်းခွဲဖျက်ဆီးခံ ခဲ့ရသေးတာပဲ ဖြစ်ပါတယ်။ ပုလဲမြို့နယ်အတွင်းမှာ Mytelတာဝါတိုင်​တွေ ​​နေ့စဥ်ရက်ဆက် ​ဖျက်ဆီးခံ​နေရတာဖြစ်ပြီး ယခုတာဝါတိုင်နဲ့ဆိုရင် တာဝါတိုင်စုစုပေါင်း (၆)ခုအထိ ဖျက်ဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ မနေ့ညက ပုလဲမြို့နယ်မှာ mytel တာဝါတိုင် တစ်ခု မိုင်းခွဲဖျက်ဆီးခံရပြီး မီးလောင်ပျက်စီးနေတဲ့ ဗီဒီယိုဖိုင်ကို ပြန်လည်ဖော်ပြပေးလိုက်ကာ အဆိုပါဗီဒီယိုဖိုင်ကို အောက်မှာကြည့်နိုင်ပါတယ်။

Source: Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T