မိတ်ဆွေသူငယ်ချင်းတွေနဲ့အတူ စုပေါင်းပြီး သံဃာတော်တွေကို ဆွမ်းကပ်လှူကာ ကုသိုလ်ယူခဲ့တဲ့ ဘုန်းလျှံတို့ ဇနီးမောင်နှံ

//s9.kh1.co/39/394211f710af9e49d7e06771ee54dd731e7877fc.jpeg
အနုပညာရှင်များ

 ၀၉-စက်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

..

အနုပညာအလုပ်တွေအပြင် ဇနီးဖြစ်သူနဲ့အတူ ကိုယ်ပိုင်စီးပွားရေးတွေလည်း လုပ်ဆောင်နေတဲ့ သရုပ်ဆောင်ဘုန်းလျှံကတော့ လတ်တလောမှာလည်း လှူဒါန်းမှုတွေ မကြာခဏပြုလုပ်နေတာ တွေ့ရပါတယ်။

ဒီကနေ့ စက်တင်ဘာ(၉)ရက်နေ့မှာတော့ အရှင်ဥာဏိဿရ ကန်သာယာတောရ- တိုက်ကြီးကျောင်းမှာ နေ့ဆွမ်းနဲ့ တခြားစားသောက်ကုန် အခြောက်များ လှူဒါန်းကုသိုလ်ယူခဲ့တယ်လို့ သိရပါတယ်။

Photo Credit - Bhone Hlyan's Fb Acc
Photo Credit - Bhone Hlyan's Fb Acc
Photo Credit - Bhone Hlyan's Fb Acc
Photo Credit - Bhone Hlyan's Fb Acc
Photo Credit - Bhone Hlyan's Fb Acc
Photo Credit - Bhone Hlyan's Fb Acc

မိတ်ဆွေသူငယ်ချင်းတွေနဲ့အတူ နေ့ဆွမ်းကပ်လှူခဲ့တဲ့အပြင် ဝတ္တုငွေတွေနဲ့ ဆန်၊ ကြက်သွန်နဲ့ အခြားစားသောက်ကုန်အခြောက်တွေကိုလည်း လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ 

ဘုန်းလျှံတို့ ဇနီးမောင်နှံဟာ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း သဇင်မြိုင်တောရကျောင်းမှ သံဃာတော် အရှင်သူမြတ်တွေအတွက် တတ်နိုင်သမျှ နေ့ဆွမ်းကပ်လှူခဲ့တာ တွေ့ရပါတယ်။

Photo Credit - Bhone Hlyan's Fb Acc
Photo Credit - Bhone Hlyan's Fb Acc
Photo Credit - Bhone Hlyan's Fb Acc
Photo Credit - Bhone Hlyan's Fb Acc
Photo Credit - Bhone Hlyan's Fb Acc
Photo Credit - Bhone Hlyan's Fb Acc
Photo Credit - Bhone Hlyan's Fb Acc
Photo Credit - Bhone Hlyan's Fb Acc

သူ့ရဲ့အလှူပုံရိပ်လေးတွေကိုတော့ ဘုန်းလျှံက ပရိသတ်တွေ ဝမ်းသာစွာမုဒိတာပွား ကုသိုလ်ယူနိုင်ကြစေဖို့အတွက် ပြန်လည်မျှဝေထားတာ ဖြစ်ပါတယ်။

ခရီးနည်းနည်းလှမ်းတာကြောင့် သံဃာတော်များကို ဆွမ်းဟင်း လောင်းလှူချင်သူများအတွက်လည်း "အရှင်ဉာဏိဿရ 09422660969" ကိုဆက်သွယ်လှူဒါန်းနိုင်တဲ့အကြောင်း ဝေမျှထားပါသေးတာကြောင့် လှူဒါန်းကုသိုလ်ယူနိုင်ကြစေဖို့ တင်ဆက်ပေးလိုက်ပါတယ်နော်။

Photo Credit - Bhone Hlyan's Fb Acc
Photo Credit - Bhone Hlyan's Fb Acc
Photo Credit - Bhone Hlyan's Fb Acc
Photo Credit - Bhone Hlyan's Fb Acc
Photo Credit - Bhone Hlyan's Fb Acc
Photo Credit - Bhone Hlyan's Fb Acc

သတင်း အရင်းအမြစ်Bhone Hlyan's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T