နေပူကြီးထဲမှာ ပင်ပင်ပန်းပန်းစပါးတွဲရောင်းနေရတဲ့ သားအဖအတွက် အပျော်လေးဖန်တီးပေးလိုက်တဲ့ ပြည်သူတစ်ဦး

//s9.kh1.co/64/64d4824b145de3ea04ec1caf73d006a09254e83c.png
နေ့စဉ်သတင်းများ

 ၀၉-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

မရှိနွမ်းပါးသူတွေကိုအမြဲလိုလိုကူညီတတ်တဲ့ ပရဟိတအကျိုးတော်ဆောင်ကိုပူတူးဟာ ဒီနေ့မှာလည်း နေပူပူက မီပွိုင့်ထောင့်လေးမှာ စပါးတွဲရောင်းနေရတဲ့ သားအဖနှစ်ယောက်အတွက် စပါးတွဲတွေအားလုံး ယူလိုက်ပြီး ငွေသုံးသောင်းကိုလည်း လှူဒါန်းပေးခဲ့ပါသေးတယ်။ ထင်မှတ်မထားတဲ့အရာကို လက်ခံလိုက်ရတဲ့ ဖခင်ဖြစ်သူဟာ အရမ်းကိုဝမ်းသာသွားပြီး ကူညီလှူဒါန်းပေးသူကို ကျေးဇူးတင်စကားတွေ အကြိမ်ကြိမ် ပြောခဲ့ပါတယ်။

Photo Credit - ArrPuu Tuu's FB Acc
Photo Credit - ArrPuu Tuu's FB Acc

ငွေသုံးသောင်းထုတ်ပေးလိုက်တဲ့အချိန်မှာ ဇနီးနဲ့သားအတွက်ဆေးဝယ်လို့ရသွားပြီမို့ အရမ်းကိုပျော်ရွှင်နေခဲ့ တယ်လို့လည်းဆိုပါတယ်။ ကျပ်တည်းနေတဲ့ကာလတွေမှာ နဂိုကတည်းက ပုံမှန်ဝင်ငွေမရှိဘဲ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ပြည်သူတွေအတွက် ပိုပြီးခက်ခဲလွန်းခဲ့ပါတယ်။ အခုလိုကူညီလှူဒါန်းပေးသူတွေကြောင့် လည်း မပြေလည်တဲ့ဘဝတွေဟာ တဒင်္ဂတော့ အဆင်ပြေသွားခဲ့ပါတယ်။

Photo Credit - ArrPuu Tuu's FB Acc
Photo Credit - ArrPuu Tuu's FB Acc
Photo Credit - ArrPuu Tuu's FB Acc
Photo Credit - ArrPuu Tuu's FB Acc

ဒီနေ့အတွက်အဆင်ပြေသွားပြီမို့ သားလေးလက်ကိုဆွဲပြီးပျော်ပျော်ရွှင်ရွှင်အိမ်ပြန်သွားတဲ့ စပါးတွဲရောင်းသူရဲ့ကျောပြင်ကိုကြည့်ပြီး ကူညီလှူဒါန်းပေးသူလည်း ပီတိဖြစ်နေမှာ အသေအချာပါပဲ။ မပြေလည်တဲ့ဘဝတွေအားလုံး အမြန်ဆုံးပြေလည်ပြီး အဆင်မပြေတဲ့ အခြေအနေတွေကနေ ကျော်လွှားနိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။

Photo Credit - ArrPuu Tuu's FB Acc
Photo Credit - ArrPuu Tuu's FB Acc

သတင်း အရင်းအမြစ်ArrPuu Tuu's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T