ပြည်သူနဲ့ စစ်သားတွေကြား ပေါင်းကူးတံတားအဖြစ် ပြုလုပ်ပေးနေတာကြောင့် နှစ်ဖက်လုံးကနင်းတာ ခံရတာကို ရင်ဖွင့်လာတဲ့ ဗိုလ်ကြီးညီသုတ

//s9.kh1.co/c7/c785c03a351227b42bf3da6d89393d85a4f961e3.jpeg
နေ့စဉ်သတင်းများ

 ၀၉-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

ဗိုလ်ကြီးညီသုတကတော့ ပြည်သူတွေနဲ့ CDM ပြုလုပ်ကြမယ့် ရဲဘော်တွေအကြား ပေါင်းကူးတံတားအဖြစ် ပြုလုပ်ပေးနေတဲ့ အခက်အခဲလေးတွေကို ဖွင့်ဟပြောပြလာခဲ့ပါတယ်။  သူကိုယ်တိုင်တိုင်းရင်းသားနယ်မြေမှာ PDF လူငယ်တွေနဲ့အတူ ရောက်ရှိခဲ့ပေမယ့် လက်နက်ပြန်မကိုင်ဘူးလို့ ဖွင့်ဟထားတာကြောင့် သေနတ်ကိုင်ပြီးတောင် ဓာတ်ပုံမကိုင်ခဲ့ဘူးလို့ ဆိုပါတယ်။

Photo Credit - Nyi Thuta's Fb Acc
Photo Credit - Nyi Thuta's Fb Acc
Photo Credit - Nyi Thuta's Fb Acc
Photo Credit - Nyi Thuta's Fb Acc

မြေပြင်မှာ အမှန်တကယ်လုပ်နေတဲ့ ရဲဘော်တွေက အများကြီးတန်ဖိုးကြီးမားတာကြောင့် သွယ်ဝိုက်ကူညီပေးနိုင်တာကို ကူညီပေးကြဖို့ကိုလည်း ဗိုလ်ကြီးညီသုတက တိုက်တွန်းထားပါသေးတယ်။စကစလက်အောက်ကနေ ရာနဲ့ချီတဲ့ရဲဘော်တွေ ထွက်လာအောင်နဲ့ ဆက်လက်ထွက်လာဖို့အတွက်ဖြစ်နေတဲ့ အခက်အခဲအတားအဆီးတွေကို ပြည်သူနဲ့ ရဲဘော်တွေကြား အရှိအတိုင်း ပေါင်းကူးပေးတာဖြစ်ပါတယ်။ 

Photo Credit - Nyi Thuta's Fb Acc
Photo Credit - Nyi Thuta's Fb Acc
Photo Credit - Nyi Thuta's Fb Acc
Photo Credit - Nyi Thuta's Fb Acc

တပ်တွင်းသတင်းနဲ့ ကြေးနန်းအတုတွေတင်တာမျိုးကို ရှောင်ပြီး Flase hope ဖြစ်စေတဲ့ ကိန်းဂဏန်းတွေကို ရှောင်ကာ ဘက်ကူးပြောင်းဖို့ စည်းရုံးရာမှာလည်း အရှိတရားကိုပဲ အခြေခံစည်းရုံးတယ်လို့ ဆိုပါတယ်။ ဗိုလ်ကြီး ညီသုတကတော့ သူ့အနေနဲ့ ပေါင်းကူးတံတားဖြစ်တာကြောင့် နှစ်ဘက်လုံးက တက်နင်းတာခံရပေမယ့်လည်း သူ့ရဲ့ရွေးချယ်မှုဖြစ်တာကြောင့် ကိစ္စမရှိပါဘူးဆိုပြီးတော့လည်း ပြောပြထားပါတယ်။

Photo Credit - Nyi Thuta's Fb Acc
Photo Credit - Nyi Thuta's Fb Acc
Photo Credit - Nyi Thuta's Fb Acc
Photo Credit - Nyi Thuta's Fb Acc

သတင်း အရင်းအမြစ်Nyi Thuta's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T