ထိုင်း Channel 7 ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသနေတဲ့ အဆိပ်ပန်း(Mae Bai) ဇာတ်လမ်းတွဲကတော့ မြန်မာနိုင်ငံအထိပါ အောင်မြင်နေတာ တွေ့ရပါတယ်။ လက်ရှိမှာ လူကြိုက်များနေတဲ့ ဒီဇာတ်လမ်းတွဲမှာ ထိုင်းမင်းသမီးချော Now Tisanart ကလည်း ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ် ။ Now Tisanart က သူမရဲ့ဇာတ်ရုပ်ကို ပီပီပြင်ပြင်နဲ့ အကောင်းဆုံးသရုပ်ဆောင်ထားတာကြောင့် ပရိသတ်တွေကြားမှာ သူမက ရေပန်းစား အောင်မြင်နေတာလည်း ဖြစ်ပါတယ် ။
ဒါကြောင့် မြန်မာပရိသတ်တွေအတွက် Now Tisanart ရဲ့အကြောင်းနဲ့ သူမရဲ့လက်ရှိအချစ်ရေးအကြောင်း ဖော်ပြပေးချင်ပါတယ်။ အသက် (၂၈)နှစ်အရွယ်ရှိတဲ့ Now က မော်ဒယ်၊မင်းသမီးတစ်ဦးဖြစ်သလို "Now or Never" Fashion Brand ကို တည်ထောင်ထားသူလည်း ဖြစ်ပါတယ် ။ Now က ထိုင်းနိုင်ငံမှာအောင်မြင်နေတဲ့ မင်းသားတစ်လက်ဖြစ်တဲ့ New Wongsakorn Paramatthakorn နဲ့ ချစ်ကြိုက်နေတာ ဖြစ်ပါတယ် ။
သူမတို့ချစ်သူနှစ်ဦးက "Sarb Dok Soi, Payak Payong"ဆိုတဲ့ ဇာတ်ကားတွေမှာ အတူတွဲဖက် သရုပ်ဆောင်ခဲ့ဖူးပါတယ်။ အလုပ်တွေကို အတူလုပ်ကိုင်လေ့ရှိသလို ဘယ်သွားသွား အတူတွဲတွေ့ရတတ်တဲ့ Now နဲ့ New တို့ရဲ့အချစ်ရေးက သာယာပျော်ရွှင်ဖွယ်ကောင်းနေတာလည်း ဖြစ်ပါတယ် ။ Now တို့စုံတွဲလေးက မကြာခဏဆိုသလို သူမတို့နှစ်ယောက်ရဲ့ Activities တွေ၊ Vlog တွေနဲ့ အနုပညာလှုပ်ရှားမှုတွေကို မျှဝေပေးလေ့ရှိတာလည်း တွေ့ရပါတယ်။ ပရိသတ်တွေအတွက် အဆိပ်ပန်းဇာတ်လမ်းတွဲထဲက ထိုင်းမင်းသမီးချော Now Tisanart ရဲ့လက်ရှိအချစ်ရေးအကြောင်း ဖော်ပြပေးလိုက်ရပါတယ်။
Source & Photo Credit-NowTisanart's IG Acc