ငလျင်လှုပ်နေတဲ့အချိန်မှာတောင် ခွေးလေးတွေကို အပါခေါ်ပြီး ဘေးလွတ်ရာကိုပြေးခဲ့ကြတဲ့ မက်ဆီကိုပြည်သူတွေ

//s9.kh1.co/1a/1a4ff48998d91f96e6cc03874d0ed3aa0a2ea63c.png
နေ့စဉ်သတင်းများ

 ၀၉-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

..

ခွေးလေးတွေဟာ လူတွေနဲ့အနီးဆုံးမှာရှိပြီး လူတွေရဲ့စိတ်နေစိတ်ထား သဘောသဘာဝတွေကို တခြားတိလေးတွေထက်ပိုပြီးနားလည်နိုင်စွမ်းရှိပါတယ်။ တိချစ်တတ်သူတွေဟာ ကိုယ်ချင်းစာတတ်ပြီး မေတ္တာတရားကြီးမားသူတွေလည်းဖြစ်ပါတယ်။ ယမန်နေ့က မက်ဆီကိုနိုင်ငံမှာ (၇.ဝ) မက်ဂနီကျု့ ပြင်းအားရှိတဲ့ ငလျင်တစ်ခုလှုပ်သွားခဲ့ပါတယ်။ ဒီလိုလှုပ်ခတ်သွားတဲ့အချိန်မှာ လူတွေဟာ သူတို့ရဲ့ ခွေးလေးတွေကိုအပါခေါ်ပြီး အထပ်မြင့်တွေပေါ်ကနေအမြန်ဆင်းကာ ဘေးလွတ်ရာကို ရှောင်ခဲ့ကြပါတယ်။

Photo Credit - A Place where We all Pretend to be Dog's Fb Acc
Photo Credit - A Place where We all Pretend to be Dog's Fb Acc

မိသားစုဝင်တစ်ယောက်လို ကျွေးမွေးစောင့်ရှောက်ထားတဲ့ တိလေးတွေကို ဘယ်လိုအခြေအနေမှာပဲ ဖြစ်ဖြစ် စွန့်မပစ်ဘဲ အပါခေါ်တတ်တဲ့ သခင်ကောင်းတွေကို ပိုင်ဆိုင်ထားတဲ့ခွေးလေးတွေလည်း တကယ်ကိုကံကောင်းလွန်းပါတယ်။ ခွေးအသေးလေးတွေကို ချီပိုးထားတဲ့သခင်တွေအပြင် ခွေးအကြီးမျိုးတွေကိုလည်း လည်ပတ်ကြိုးလေးကိုင်ကာ အသေအချာထိန်းကျောင်းနေတဲ့ သခင်တို့ရဲ့ပုံရိပ်တွေဟာ သူတို့ရဲ့တိလေးအပေါ်မှာထားတဲ့မေတ္တာကို အတိုင်းသားမြင်နေရပါတယ်။

Photo Credit - A Place where We all Pretend to be Dog's Fb Acc
Photo Credit - A Place where We all Pretend to be Dog's Fb Acc

တိလေးတွေနဲ့လူတွေရဲ့ကြားက အပြန်အလှန်မေတ္တာဟာ အတော်လေးနက်ရှိုင်းပြီး တစ်ယောက်အတွက် တစ်ယောက်က စွန့်လွှတ်အနစ်နာခံနိုင်တဲ့ အခြေအနေမျိုးတွေလည်း ရှိတတ်ပါတယ်။ ခွေးလေးတွေဟာ လူတွေအတွက်အရမ်းကိုအကျိုးပြုတဲ့ သတ္တဝါလေးတွေပါ။ အသေအချာကျွေးမွေးပြီး ဂရုစိုက်မယ်ဆိုရင် ကိုယ့်မိသားစုဝင်နဲ့မခြား သိတတ်လွန်းပါတယ်။ တိလေးတွေကို ဂရုစိုက်ကြင်နာပြီး မေတ္တာထားပေးဖို့ ဒီစာစုလေးကနေ တိုက်တွန်းလိုက်ပါတယ်။

Photo Credit - A Place where We all Pretend to be Dog's Fb Acc
Photo Credit - A Place where We all Pretend to be Dog's Fb Acc

သတင်း အရင်းအမြစ်A Place where We all Pretend to be Dog's Fb Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T