ထိုင်းနိုင်ငံက ပြည်သူ့ဝန်ထမ်းတွေကတော့ ဘယ်အရပ်ဒေသကမဆို ဒုက္ခရောက်နေကြတဲ့ ကိုယ့်နိုင်ငံသားတွေအတွက် အရေးကြုံလာရင် ကူညီပေးတတ်ကြတာလေးတွေကို မကြာခဏတွေ့မြင်ရပါတယ်။ ယခုမှာလည်း ထိုင်းနိုင်ငံရဲ့ ပြည်သူတွေကြားမှာ လေးစားစရာပုံရိပ်တချို့ ပျံ့နှံ့သွားခဲ့ပါတယ်။ ဒါကတော့ လမ်းမပေါ်မှာ မွေးလူနာတစ်ယောက်ကို ကလေးမွေးပေးနေတဲ့ ထိုင်းယာဥ်ထိန်းရဲများရဲ့ ပုံရိပ်တွေပဲဖြစ်ပါတယ်။
စတင်ဘာလ (၈) ရက်နေ့ ညနေပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရဲ့ ဒင်းဒဲလမ်းမပေါ်မှာ ကားများပိတ်ခဲ့ပြီး အဆိုပါကားတွေထဲမှာ မွေးလူနာတင်ဆောင်လာတဲ့ အရေးပေါ်ကားတစ်စီးလည်း ပိတ်မိသွားခဲ့ပါတယ်။ အနီးအနားမှာရှိတဲ့ ယာဥ်ထိန်းရဲများက အရေးပေါ်မွေးလူနာတင်ဆောင်လာတဲ့ယာဥ်ရဲ့ အကူအညီတောင်းမှုကြောင့် အရှေ့ကနေ လမ်းရှင်းပေးခဲ့ပြီး ဆေးရုံသို့ သွားခဲ့ပါတယ်။
ကားလမ်းပိတ်မှုကြောင့် မွေးလူနာဟာ ဆေးရုံမရောက်ခင်မှာဘဲ မွေးရတော့မယ့် အခြေအနေဖြစ်လာတဲ့အတွက် ယာဉ်ထိန်းရဲတွေကပဲ လမ်းမပေါ်မှာ ကလေးကိုအောင်မြင်စွာ မွေးဖွားပေးခဲ့ပါတယ်။ ယာဉ်ထိန်းရဲတွေ မွေးဖွားပေးခဲ့တဲ့ ကလေးဟာ သားယောကျာ်းဖြစ်ပြီး မိခင်ရောကလေးပါ ကျန်းမာရေးကောင်မွန်ကြောင်း Bangkok Guide Media ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ကလေးမွေးပေးခဲ့တဲ့ ယာဥ်ထိန်းရဲများကိုတော့ ထိုင်းပြည်သူတွေက လူမှုကွန်ယက်တွေမှာ ချီးကျူးခဲ့ကြတယ်လို့ သိရပါတယ်။
သတင်း အရင်းအမြစ်៖ Source - Bangkok Guide Media