ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်မြတ်ကြီးရဲ့ကောင်းကင်ယံမှာ နေထီးဆောင်းပူဇော်ခဲ့တဲ့ မြင်ကွင်းဗီဒီယိုဖိုင်

//s9.kh1.co/61/617386c3004af27f55c3a0cb8fc64fca8d242cf0.jpg
နေ့စဉ်သတင်းများ

 ၀၉-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်မြတ်ကြီးရဲ့ကောင်းကင်ယံမှာ နေထီးဆောင်းပူဇော်ခဲ့တဲ့ မြင်ကွင်းဗီဒီယိုဖိုင်

ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးကိုတော့ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့အနီးရှိ ပေါင်းလောင်းတောင်ပေါ်မှာ တည်ထားခဲ့တာ ဖြစ်ပါတယ် ။ သမိုင်းအစဥ်အလာကြီးမားခဲ့တဲ့ ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးက မွန်ပြည်နယ်ရဲ့အထင်ကရစေတီတစ်ဆူဖြစ်သလို မြန်မာနိုင်ငံရဲ့တန်ခိုးကြီးဘုရားတစ်ဆူလည်း ဖြစ်ပါတယ် ။ ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးရဲ့ရင်ပြင်မှာတော့ နေ့စဥ်နဲ့အမျှ အနယ်နယ်အရပ်ရပ်က ဘုရားဖူးတွေနဲ့ စည်ကားလျှက်ရှိနေတာပဲ ဖြစ်ပါတယ် ။

Photo Credit-"ဦးနန္ဒသာမိ စခန်းလေး ဘောဂသိဒ္ဓိတောရကျောင်း ကျိုက်ထီးရိုးတောင်ပေါ်" FB Acc

ပြီးခဲ့တဲ့ စက်တင်ဘာလ (၈) ရက်နေ့မှာတော့ ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်ကြီးရဲ့ ကောင်းကင်ယံမှာ နေထီးဆောင်းခဲ့တဲ့မြင်ကွင်းကို ဆရာတော်တစ်ပါးက မှတ်တမ်းတင်ရိုက်ကူးခဲ့တာ တွေ့ရပါတယ်။ ကျိုက်ထီးရိုးတောင်ပေါ်မှာရှိတဲ့ ဘောဂသိဒ္ဓိတောရကျောင်း စခန်းလေးမှာ သီတင်းသုံးနေတဲ့ ဆရာတော်တစ်ပါးက ဒီမြင်ကွင်းဓာတ်ပုံရိုက်ကူးပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ မျှဝေခဲ့တာ ဖြစ်ပါတယ် ။ ဒါ့အပြင် ဆရာတော်က အနယ်နယ်အရပ်ရပ်က ပြည်သူတွေပါ ဖူးမြော်လို့ရအောင် Live လွှင့်ပြီး ပြသခဲ့တာလည်း ဖြစ်ပါတယ် ။

Photo Credit-"ဦးနန္ဒသာမိ စခန်းလေး ဘောဂသိဒ္ဓိတောရကျောင်း ကျိုက်ထီးရိုးတောင်ပေါ်" FB Acc
Photo Credit-"ဦးနန္ဒသာမိ စခန်းလေး ဘောဂသိဒ္ဓိတောရကျောင်း ကျိုက်ထီးရိုးတောင်ပေါ်" FB Acc
Photo Credit-"ဦးနန္ဒသာမိ စခန်းလေး ဘောဂသိဒ္ဓိတောရကျောင်း ကျိုက်ထီးရိုးတောင်ပေါ်" FB Acc
Photo Credit-"ဦးနန္ဒသာမိ စခန်းလေး ဘောဂသိဒ္ဓိတောရကျောင်း ကျိုက်ထီးရိုးတောင်ပေါ်" FB Acc
Photo Credit-"ဦးနန္ဒသာမိ စခန်းလေး ဘောဂသိဒ္ဓိတောရကျောင်း ကျိုက်ထီးရိုးတောင်ပေါ်" FB Acc
Photo Credit-"ဦးနန္ဒသာမိ စခန်းလေး ဘောဂသိဒ္ဓိတောရကျောင်း ကျိုက်ထီးရိုးတောင်ပေါ်" FB Acc

ဆရာတော်က "8.9.2021.ရက်နေ့ နေ့ခင်း(၁၂)နာရီအချိန်တွင် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးအား နေထီးဆောင်းပူဇော်နေသော ပုံရိပ်လေးပဲဖြစ်ပါတယ် ဖူးမြင်ရသူအပေါင်း သောကများ နေ့ညကင်းဝေးကြပါစေ" ဆိုပြီး ဓာတ်ပုံတွေကို မျှဝေခဲ့တာ ဖြစ်ပါတယ် ။ ရွှေရောင်တဝင်းဝင်းနဲ့တောက်ပနေတဲ့ ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးကို နေထီးဆောင်းနေတဲ့မြင်ကွင်းကလည်း တကယ့်ကို ကြည်ညိုသပ္ပာယ်စရာကောင်းနေတာ ဖြစ်ပါတယ် ။ ဒါကြောင့် ပြည်သူတွေပါ ဖူးမြော်ကြည်ညိုလို့ရအောင် မနေ့က ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးမှာ နေထီးဆောင်းခဲ့တဲ့ပုံရိပ်တွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source & Video Credit-"ဦးနန္ဒသာမိ စခန်းလေး ဘောဂသိဒ္ဓိတောရကျောင်း ကျိုက်ထီးရိုးတောင်ပေါ်" FB Acc

Photo Credit-"ဦးနန္ဒသာမိ စခန်းလေး ဘောဂသိဒ္ဓိတောရကျောင်း ကျိုက်ထီးရိုးတောင်ပေါ်" FB Acc
Photo Credit-"ဦးနန္ဒသာမိ စခန်းလေး ဘောဂသိဒ္ဓိတောရကျောင်း ကျိုက်ထီးရိုးတောင်ပေါ်" FB Acc
Photo Credit-"ဦးနန္ဒသာမိ စခန်းလေး ဘောဂသိဒ္ဓိတောရကျောင်း ကျိုက်ထီးရိုးတောင်ပေါ်" FB Acc
Photo Credit-"ဦးနန္ဒသာမိ စခန်းလေး ဘောဂသိဒ္ဓိတောရကျောင်း ကျိုက်ထီးရိုးတောင်ပေါ်" FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T