စစ်ဘေးရှောင်ဒေသခံတွေဆီကို စားနပ်ရိက္ခာများ နည်းလမ်းအဖုံဖုံနဲ့ ခက်ခက်ခဲခဲပို့ဆောင်ခဲ့ရတဲ့ ဗီဒီယိုလေးကို ဖော်ပြလာတဲ့ ဆရာတော်တစ်ပါး

//s9.kh1.co/0e/0e9f7d8c81bc03ec8ebe19a6434ba82950a53199.jpeg
နေ့စဉ်သတင်းများ

 ၀၉-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

....

မြန်မာနိုင်ငံ နေရာဒေသ အသီးသီးက ပြည်သူပြည်သားတွေ ခမျာ အဆင်မပြေမှု ဒုက္ခမျိုးစုံကို ရင်ဆိုင်နေရပါတယ် ။ တတိယ အကြိမ် တစ်ကျော့ပြန်လည် ရောက်ရှိလာတဲ့ ကိုဗစ်ရောဂါ ကတစ်မျိုး တိုက်ပွဲတွေဖြစ်လို့ အိုးမဲ့ အိမ်မဲ့ စားစရာမရှိ ဖြစ်နေကြတဲ့ ပြည်သူတွေက တစ်မျိုးနဲ့ နေ့စဉ်တိုင်း စိတ်မချမ်းမြေ့ဖွယ်ရာ သတင်းတွေက လူမှုကွန်ရက် စာမျက်နှာ တွေ အထက်မှာ အပြည့်ပါပဲ ။

Photo Credit : ရွှေပါရမီ ပညာဒါန Facebook Page 
Photo Credit : ရွှေပါရမီ ပညာဒါန Facebook Page 

တောင်တန်း ဒေသတွေမှာလည်း တိုက်ပွဲ အခြေအနေတွေ မတည်ငြိမ်နိုင်သေးသလို  အိုးအိမ်တွေ ပျက်စီးသွားလို့ နေစရာမရှိဘဲ တောတောင်တွေထဲ ခိုလှုံ နေကြရသူတွေ ဒီနေ့ အထိ ရှိနေဆဲပါပဲ ။ ဒါကြောင့်လည်း စာနာစိတ်အပြည့်နဲ့ စေတနာရှင် ပြည်သူတွေ ၊ ပရဟိတ အသင်းတွေ စုပေါင်း​ပြီး ဒီလို နေရာအစုံက အကြောင်းမျိုးစုံသော အခက်အခဲတွေကို အစွမ်းကုန် ဖြေရှင်းနေကြရပါတယ် ။ 

Photo Credit : ရွှေပါရမီ ပညာဒါန Facebook Page 
Photo Credit : ရွှေပါရမီ ပညာဒါန Facebook Page 

ဒီလို ပို့ဆောင်ကြရမှာလည်း ထင်သလောက် မလွယ်ကူနေပါဘူး ။ အခုလည်း ပရဟိတ အလုပ်တွေကို လုပ်ဆောင်နေတဲ့ ဆရာတော်တစ်ပါးက စားနပ်ရိက္ခာတွေကို စစ်ဘေးရှောင်ဒေသတွေဆီကို ခက်ခက်ခဲခဲ ပို့ဆောင်ခဲ့ရတဲ့ ဗီဒီယိုမှတ်တမ်းကိုဝေမျှလာပါတယ် ။ လှေနဲ့တစ်ဆင့် အပြင် တောတောင်ထဲအထိ ခြေလျင် ပင်ပန်းကြမ်းတမ်းစွာပို့ဆောင်နေကြတာကို ဗီဒီယိုထဲမှာတွေ့ရမှာပါ ။ ပရိသတ်ကြီးအတွက် ဒီဗီယိုလေးကို ဝေမျှပေးရင်း အားလုံး အဆင်ပြေ ဘေးကင်းကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ။

Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T