မကြာခင်ရက်ပိုင်းအတွင်းမှာပဲ သမီးဦးလေးကို မွေးဖွားရတော့မှာဖြစ်တဲ့ ထိုင်းမင်းသမီးချော Mew Nittha ရဲ့ချစ်စရာပုံရိပ်များ

//s9.kh1.co/4f/4f47ed70213b4a16915a1bd747f332aa3bfdb44c.jpg
အနုပညာရှင်များ

 ၀၉-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

မကြာခင်ရက်ပိုင်းအတွင်းမှာပဲ သမီးဦးလေးကို မွေးဖွားရတော့မှာဖြစ်တဲ့ ထိုင်းမင်းသမီးချော Mew Nittha ရဲ့ချစ်စရာပုံရိပ်များ

ထိုင်းမင်းသမီးချော Mew Nittha ကတော့ မြန်မာနိုင်ငံမှာပါ ချစ်ခင်အားပေးသူပရိသတ်တွေ အများအပြားရရှိထားတဲ့ မင်းသမီးတစ်လက်ပဲ ဖြစ်ပါတယ် ။ "My Husband In Law" ဆိုတဲ့ဇာတ်လမ်းတွဲမှာ ထိုင်းမင်းသားချော Mark Prin နဲ့အတူ တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ Mew Nittha က ဒီဇာတ်လမ်းတွဲလေးနဲ့ အောင်မြင်မှုတွေပိုမိုရရှိခဲ့တာ ဖြစ်ပါတယ် ။ Mew Nittha က ဒီဇာတ်လမ်းတွဲကို မြန်မာနိုင်ငံမှာပါ လာရောက်ရိုက်ကူးခဲ့ရတာ ဖြစ်ပါတယ် ။

Photo Credit-Mewnittha's IG Acc
Photo Credit-Mewnittha's IG Acc
Photo Credit-Mewnittha's IG Acc
Photo Credit-Mewnittha's IG Acc
Photo Credit-Mewnittha's IG Acc
Photo Credit-Mewnittha's IG Acc

သူမချစ်ရတဲ့ချစ်သူနဲ့ လက်ထပ်ပြီး ပျော်ရွှင်စရာကောင်းတဲ့ ဘဝလေးတစ်ခုကို တည်ဆောက်ထားတဲ့ Mew က အခုဆိုရင် ကိုယ်ဝန်အရင့်အမာလွယ်ထားရတာ ဖြစ်ပါတယ် ။ Mew က သူမတို့ဇနီးမောင်နှံရဲ့ ပထမဆုံးရင်သွေးလေးဖြစ်တဲ့ သမီးဦးလေးကို လွယ်ထားရတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ Mew ရဲ့ကိုယ်ဝန်က (၃၈)ပတ်ကျော်တောင်ရှိနေပြီဖြစ်တာကြောင့် မကြာခင်မှာပဲ ရင်သွေးလေးကို မွေးဖွားရတော့မှာ ဖြစ်ပါတယ် ။

Photo Credit-Mewnittha's IG Acc
Photo Credit-Mewnittha's IG Acc
Photo Credit-Mewnittha's IG Acc
Photo Credit-Mewnittha's IG Acc
Photo Credit-Mewnittha's IG Acc
Photo Credit-Mewnittha's IG Acc
Photo Credit-Mewnittha's IG Acc
Photo Credit-Mewnittha's IG Acc

ဒီရက်ပိုင်းမှာတော့ Mew က သူမရဲ့Instagram ကနေ ပုံအသစ်လေးတွေကို မကြာခဏ မျှဝေပေးနေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ကဆိုရင်လည်း Mew က "See you soon baby" ဆိုပြီး သမီးလေးကိုယ်ဝန်နဲ့ ပုံလေးတွေကို အသစ်တင်ပေးခဲ့တာ ဖြစ်ပါတယ် ။ ခင်ပွန်းဖြစ်သူကလည်း သူမကို ဂရုစိုက်ကြင်နာပေးတဲ့အတွက် Mew တစ်ယောက် အချိန်တိုင်း ပျော်ရွှင်နေတာလည်း တွေ့ရပါတယ်။ နိုင်ငံတကာက သူမရဲ့ပရိသတ်တွေအားလုံးကလည်း Mew ရဲ့ရင်သွေးလေးကို အရမ်းမြင်တွေ့ချင်နေကြပြီ ဖြစ်ပါတယ် ။ ကိုယ်ဝန်အရင့်အမာလွယ်ထားရပေမယ့် လှနေဆဲဖြစ်တဲ့ ထိုင်းမင်းသမီးချော Mew Nittha ရဲ့ပုံရိပ်တွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source & Photo Credit-Mewnittha's IG Acc

Photo Credit-Mewnittha's IG Acc
Photo Credit-Mewnittha's IG Acc
Photo Credit-Mewnittha's IG Acc
Photo Credit-Mewnittha's IG Acc
Photo Credit-Mewnittha's IG Acc
Photo Credit-Mewnittha's IG Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T