ဒလန်သတင်းပေးမှုကြောင့် အမေနဲ့အစ်မဖြစ်သူကျန်ခဲ့တဲ့နေအိမ်ကို မီးရှို့ခံလိုက်ရတဲ့ ဗီဒီယိုကို စိတ်မကောင်းစွာပြသလာတဲ့ PDF လူငယ်လေး

//s9.kh1.co/fd/fd7ab7884e6cc032127a8d33bac0fadfb756a565.jpeg
နေ့စဉ်သတင်းများ

 ၀၉-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

..

တော်လှန်ရေးအရေးတော်ပုံကြီးမှာ လွတ်မြောက်နယ်မြေကို ရောက်ရှိနေပြီး ပြည်သူတွေအတွက် အနစ်နာခံနေကြရတဲ့ သူရဲကောင်းရဲဘော်တွေမှာ ပေးဆပ်မှုတွေတော့ တကယ်ကိုအများအပြားပါပဲ။

သူတို့ရဲ့ စိတ်ကူးအိပ်မက်တွေကို စွန့်လွှတ်ပြီး အားလုံးရဲ့အနာဂတ်တွေအတွက် ယုံကြည်ရာကို လျှောက်လှမ်းကာ အားတင်းကြိုးစားရင်း တိုက်ပွဲဝင်နေတာလည်း ဖြစ်ပါတယ်။

Photo Credit - Thu Rain's Fb Acc
Photo Credit - Thu Rain's Fb Acc

ဝမ်းနည်းစရာကောင်းတဲ့ နာကျင်မှုတွေထဲမှာ လွတ်မြောက်နယ်မြေမှာ ကြိုးစားတိုက်ဝင်နေတဲ့အချိန် မိခင်နဲ့ အစ်မဖြစ်သူနှစ်ယောက်တည်းကျန်ခဲ့တဲ့ နေအိမ်ကို မီးရှို့ဖျက်စီးခံလိုက်ရတာတွေလည်း ပါဝင်ပါတယ်။ 

ဒလန်ရဲ့သတင်းပေးမှုကြောင့် မောင်နှမနှစ်ယောက် ပြည်ပမှာအလုပ်လုပ်ပြီး ရှာဖွေထားတဲ့ ချွေးနည်းစာ လုပ်အားခလေးတွေနဲ့ တည်ဆောက်ထားခဲ့တဲ့ သူတို့ရဲ့ နေအိမ်တစ်ခုလုံး ပြာကျတဲ့အထိ မီးရှို့ဖျက်စီးခံလိုက်ရတာကြောင့် PDF လူငယ်လေးက စိတ်မကောင်းဖြစ်နေတာ ဖြစ်ပါတယ်။

Photo Credit - Thu Rain's Fb Acc
Photo Credit - Thu Rain's Fb Acc
Photo Credit - Thu Rain's Fb Acc
Photo Credit - Thu Rain's Fb Acc

နေစရာအိမ်မရှိတော့လို့ ဝမ်းနည်းနေရပေမယ့် အနစ်နာခံကြိုးစားမှုတွေနဲ့ ယုံကြည်ချက်တွေအတွက် အားတင်းရင်း လွတ်မြောက်နယ်မြေကနေ အမေနဲ့အစ်မဖြစ်သူကို အားပေးစကားတွေလည်း ပြောထားပါသေးတယ်..။

ကြုံလာသမျှအခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်ရင်း နေအိမ်ကိုမီးရှို့ဖျက်စီးခံလိုက်ရတဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ​PDF လူငယ်လေးက ဝေမျှထားတာမို့ တင်ဆက်ပေးလိုက်ပါတယ်နော်။ 

Photo Credit - Thu Rain's Fb Acc
Photo Credit - Thu Rain's Fb Acc
Photo Credit - Thu Rain's Fb Acc
Photo Credit - Thu Rain's Fb Acc

သတင်း အရင်းအမြစ်Thu Rain's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T