အောက်ဆီဂျင်ရှူနေရပြီး ကျန်းမာရေးစောင့်ရှောက်မှုခံနေရတဲ့ ဦးချစ်စရာရဲ့လက်ရှိအခြေအနေကိုပြသလာတဲ့ ဝေဠုကျော်ရဲ့ဗီဒီယို

//s9.kh1.co/2f/2f9739474b8f7845ce653333bd2a6aa6d786deea.jpg
အနုပညာရှင်များ

 ၀၉-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

ပြည်သူချစ် ဝါရင့်အနုပညာရှင်တစ်ဦးဖြစ်တဲ့ ဦးချစ်စရာကတော့ လက်ရှိမှာကျန်းမာရေးထိခိုက်မှုရှိနေပြီး အရေးပေါ်ကုသမှုခံယူနေရတာဖြစ်ပါတယ်။ အောက်ဆီဂျင်ကျသွားတာကြောင့် ဝေဠုကျော်ဖောင်ဒေးရှင်းက ဦးဆောင်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ဆေးရုံကိုပို့ဆောင်ပေးခဲ့ရပြီး နှလုံးနဲ့ ဆီးချိုရောဂါလည်းရှိတာကြောင့် လက်ရှိအချိန်ထိ အောက်ဆီဂျင်ပေးထားရတာဖြစ်ပါတယ်။

Photo credit-Wai Lu Kyaw Foundation's Facebook page
Photo credit-Wai Lu Kyaw Foundation's Facebook page
Photo credit-Wai Lu Kyaw Foundation's Facebook page
Photo credit-Wai Lu Kyaw Foundation's Facebook page

ကိုဗစ်ကူးစက်ခံရခြင်းမရှိပေမယ့် ဦးချစ်စရာရဲ့ ရောဂါအခံကြောင့် အောက်ဆီဂျင်ကျသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဦးချစ်စရာကျန်းမာရေးထိခိုက်တဲ့အချိန်ကစပြီး ဝေဠုကျော်ဖောင်ဒေးရှင်းက တတ်နိုင်သရွေ့ကူညီမှုတွေပြုလုပ်နေပြီး ဆေးရုံတင်ပေးပြီးတဲ့အထိပါ ကူညီစောင့်ရှောက်မှုတွေပြုလုပ်ပေးနေတာဖြစ်ပါတယ်။

Photo credit-Wai Lu Kyaw Foundation's Facebook page
Photo credit-Wai Lu Kyaw Foundation's Facebook page

အနုပညာရှင်အချင်းချင်းကိုလည်း စေတနာအပြည့်နဲ့ ကူညီစောင့်ရှောက်မှုပေးနေတဲ့ ဝေဠုကျော်ဖောင်ဒေးရှင်းကို ပရိသတ်တွေလည်း လေးစားနေကြပြီး ဦးချစ်စရာတစ်ယောက်လည်း အမြန်ဆုံးသက်သာလာစေဖို့ဆုတောင်းပေးနေကြတာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo credit-Wai Lu Kyaw Foundation's Facebook page
Photo credit-Wai Lu Kyaw Foundation's Facebook page
Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T