မုံရွာမြို့နယ်အတွင်း လမ်းပေါ်စစ်ဆေးရေးလုပ်ဆောင်နေတဲ့ လူတစ်စုကို ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့ PDF တွေရဲ့ ရုပ်သံဖိုင်

//s9.kh1.co/94/94ac0df98c62e4778e2565110fac54fada915f13.jpg
နေ့စဉ်သတင်းများ

 ၀၉-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

အာဏာရှင်လူတစ်စုက ပြည်သူ့အာဏာသိမ်းယူပြီးနောက်ပိုင်းမှာ ဒီမိုကရေစီလိုလာကြတဲ့ ပြည်သူတွေကတော့ ရရာနည်းလမ်းတွေနဲ့ ဆန့်ကျင်လာကြတာ ဖြစ်ပါတယ်။ ယခုနောက်ပိုင်းမှာတော့ အာဏာရှင်လူတစ်စုအပြင် ၎င်းတို့ရဲ့လက်ပါးစေများကို PDF တပ်တွေက ပစ်မှတ်ထားပြီး အသက်သေဆုံးစေတဲ့အထိ လုပ်ဆောင်လာကြတာ တွေ့ရပါတယ်။ ဒါ့အပြင် မြို့နယ်တိုင်းက နေရာတော်တော်များများမှာလည်း ဗုံးပေါက်ကွဲမှုတွေဟာ ဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload

အများသောအားဖြင့် လမ်းဆုံမီးပွိုင့်အနီးရှိ ယာဥ်ထိန်းရုံးအဆောင်များ၊ စစ်ဆေးရေးဂိတ်များနှင့် ဌာနဆိုင်ရာရုံးရှေ့တွေမှာ ပိုမိုဖြစ်ပွားလာတာတွေ့ရပါတယ်။ ဒီလိုဗုံးပေါက်ကွဲမှုတွေကြောင့် ထိခိုက်သေဆုံးသူတွေလည်း ရှိလာခဲ့ပါတယ်။ ဒီကနေ့ စတင်ဘာလ (၉)ရက်နေ့ မနက်ပိုင်းမှာလည်း ဗုံးပေါက်ဖောက်ခွဲမှု ဖြစ်စဥ်တစ်ခုရဲ့ ရုပ်သံဖိုင်ဟာ လူမှုကွန်ယက်မှာ ပျံ့နှံ့လာတာ တွေ့ရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload

ဒီတစ်ခါကတော့ မုံရွာမြို့က နေရာတစ်နေရာမှာ စစ်ဆေးရေးပြုလုပ်နေတဲ့ အာဏာရှင်လူတစ်စုရဲ့ လက်အောက်ခံတွေကို မုံရွာ သံမဏိ PDF အဖွဲ့က ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းတင် ဗီဒီယိုတစ်ခုပဲ ဖြစ်ပါတယ်။ အဆိုပါ ဗုံးပေါက်ကွဲမှုဟာ ပြင်းထန်ခဲ့တာကြောင့် လူသေဆုံးမှုရှိနိုင်တယ်ဟု ၎င်းတို့ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ သံမဏိ PDF အဖွဲ့သားတွေရဲ့ လက်စွမ်းပြ ဖောက်ခွဲတိုက်ခိုက်မှုကို ပရိသတ်တွေပြန်လည် ကြည့်ရှုလို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။

သတင်း အရင်းအမြစ်Source - Original Upload

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T