ပထမဆုံးရင်သွေးလေးကို လွယ်ထားရပြီဖြစ်ကြောင်း ကိုယ်ဝန်ဆောင်နေတဲ့ပုံလေးတွေနဲ့အတူ အားလုံးကိုအသိပေးလိုက်တဲ့ အောန်ဆိုင်း

//s9.kh1.co/bb/bbfdc4ce47b85c92efc807d33a19ffb668cd8178.jpg
အနုပညာရှင်များ

 ၀၉-စက်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

ပထမဆုံးရင်သွေးလေးကို လွယ်ထားရပြီဖြစ်ကြောင်း ကိုယ်ဝန်ဆောင်နေတဲ့ပုံလေးတွေနဲ့အတူ အားလုံးကိုအသိပေးလိုက်တဲ့ အောန်ဆိုင်း

စူပါမော်ဒယ် အောန်ဆိုင်းကတော့ မနေ့ကပဲ သူမရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာ ဝမ်းသာစရာသတင်းတစ်ခုကို အားလုံးသိအောင် ကြေညာလိုက်တာ တွေ့ရပါတယ်။ ဒါကတော့ အောန်ဆိုင်းတစ်ယောက် သူမတို့ရဲ့ပထမဆုံးရင်သွေးလေးကို ကိုယ်ဝန်လွယ်ထားရပြီဆိုတဲ့သတင်းပဲ ဖြစ်ပါတယ် ။ အရမ်းချစ်ရတဲ့ချစ်သူနဲ့ ပျော်ရွှင်စရာဘဝလေးတစ်ခုကို တည်ဆောက်ခဲ့တဲ့ အောန်ဆိုင်းက မကြာခင်မှာပဲ မိသားစုဝင် အသစ်လေးကိုရရှိတော့မှာ ဖြစ်ပါတယ် ။

Photo Credit-Awn Seng's IG Acc
Photo Credit-Awn Seng's IG Acc
Photo Credit-Awn Seng's IG Acc
Photo Credit-Awn Seng's IG Acc
Photo Credit-Awn Seng's IG Acc
Photo Credit-Awn Seng's IG Acc

အရင်ကတည်းက အောန်ဆိုင်းက သူမဘဝရဲ့လက်တွဲဖော်ကို အားလုံးသိအောင် တရားဝင်ချပြခဲ့တာ ဖြစ်ပါတယ် ။ အောန်ဆိုင်းရဲ့ချစ်သူက ငါးမျှားတံမှာ လက်စွပ်ချိတ်ပြီး သူမကို Romantic ဆန်ဆန် လက်ထပ်ခွင့်တောင်းခဲ့တာလည်း ဖြစ်ပါတယ် ။ နောက်ပိုင်းမှာတော့ သူမတို့စုံတွဲလေးက လူထုလှုပ်ရှားမှုတွေမှာ တစ်ဖက်တစ်လမ်းကနေ ပါဝင်ကူညီခဲ့သေးတာ ဖြစ်ပါတယ် ။ အခုဆိုရင် အောန်ဆိုင်းက ကိုယ်ဝန်လွယ်ထားရပြီဖြစ်ကြောင်း ပုံလေးတွေနဲ့အတူ အားလုံးကိုအံ့အားသင့်စေခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Awn Seng's IG Acc
Photo Credit-Awn Seng's IG Acc
Photo Credit-Awn Seng's IG Acc
Photo Credit-Awn Seng's IG Acc
Photo Credit-Awn Seng's IG Acc
Photo Credit-Awn Seng's IG Acc

ကိုယ်ပိုင်မိသားစုဘဝလေးတစ်ခုကို ပိုင်ဆိုင်ရတော့မယ့် အောန်ဆိုင်းအတွက် ပရိသတ်တွေနဲ့အတူ သူမရဲ့မိတ်ဆွေတွေကလည်း ဝမ်းသာဂုဏ်ယူနေကြတာ ဖြစ်ပါတယ် ။ အောန်ဆိုင်းကလည်း "Our little miracle is on the way!" ဆိုပြီး မကြာခင်လူ့လောကထဲကို ရောက်လာတော့မယ့် ရင်သွေးလေးအတွက် ကြည်နူးပီတိဖြစ်နေတာ ဖြစ်ပါတယ် ။ ပထမဆုံးရင်သွေးလေးကို ကိုယ်ဝန်လွယ်ထားရပြီဖြစ်တဲ့ မိခင်လောင်းလေး အောန်ဆိုင်းရဲ့ပုံရိပ်တွေကို ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source & Photo Credit-Awn Seng's IG Acc

Photo Credit-Awn Seng's IG Acc
Photo Credit-Awn Seng's IG Acc
Photo Credit-Awn Seng's IG Acc
Photo Credit-Awn Seng's IG Acc
Photo Credit-Awn Seng's IG Acc
Photo Credit-Awn Seng's IG Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T