D-Day မှာ လူ့အသက်ပေါင်း ၂၀၀နီးပါးကို ဒဏ်ရာရနေပေမယ့်လည်း ကယ်တင်ပေးနိုင်ခဲ့တဲ့ လူမည်းဆေးတပ်သား တစ်ဦး

//s9.kh1.co/b8/b86a6effab337dcfd7510579593db96090acf4f7.jpg
ဗဟုသုတအဖြာဖြာ

 ၀၈-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

၁၉၄၄ ခုနှစ်ဇွန်လ ၆ ရက်နံနက်မှာ အိုမာဟာကမ်းခြေကို ရောက်ရှိလာတဲ့ Waverly B. Woodson ကို မအီမသာနဲ့ သွေးစွန်းမှုတွေဟာ သူ့ကို နှုတ်ဆက်ခဲ့ပါတယ်။ ဂျာမန်စစ်တပ်တွေဟာ သူတို့ဆင်းလာခဲ့တဲ့ လေသင်္ဘောကို ဖျက်စီးခဲ့ပြီး သူကိုလည်း ဂျာမန်စစ်သားတစ်ယောက်က လာရောက်တိုက်ခိုက်ခဲ့တာမို့ သွေးများနဲ့ သူ့ကိုသူသေပြီ ထင်ခဲ့ပါတယ်။ Woodson ဟာ D-Day တုန်းကပါ၀င်ခဲ့တဲ့ African-American လူမျိုးတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့်လည်းသူဟာ ဆေးတပ်သားဖြစ်သည့်အလျောက် ဆေးဘက်ဆိုင်ရာအကူအညီဌာနကို ပြုလုပ်နိုင်ခဲ့ပြီး သူအပါအ၀င် နာရီ ၃၀တောက်လျှောက် ကျည်ဆံများဖယ်ရှားခြင်း၊ သွေးရည်ကြည်ထုတ်ခြင်း၊ ဒဏ်ရာများကိုသန့်စင်ပေးခြင်း၊ ကျိုးနေသောအရိုးများကိုပြန်လည်ပြင်ဆင်ခြင်းနှင့်ခြေတစ်ဖက်ဖြတ်တောက်ခြင်းတို့ ပြုလုပ်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=620,h=419,q=100/18/18b9f2359386b3e989fb2fc84006fd10e2d80dd8.jpg
https://s9.kh1.co/__image/w=650,h=465,q=100/7f/7f2c5f6c7c3b28e1b5fa2dad08993e6dd3b75fd8.jpg

ရေနစ်နေတဲ့လူ ၄ ယောက်ကိုလည်း သူဟာကယ်တင်ပေးခဲ့ပါသေးတယ်။ အနည်းဆုံးလူ ၂၀၀ ကိုကုသပြီးနောက်ဆုံးမှာ Woodson ဟာ သူရဲ့ ဒဏ်ရာကြောင့် လဲကျသွားပြီး ဆေးရုံသင်္ဘောသို့ပို့ဆောင်ခံလိုက်ရပါတယ်။ ရက်အနည်းငယ်ကြာပြီနောက် သူဟာ Omaha ကမ်းခြေကို ပြန်သွားဖို့ တောင်းဆိုခဲ့ပါတယ်။ အမေရိကန်ကို သူပြန်ရောက်ချိန်မှာ လူမဲသတင်းစာထဲမှာ Woodson ကို “No. 1 invasion hero” ဆိုပြီး တင်စားဂုဏ်ပြုကြပါတယ်။ အမေရိကန်စစ်တပ်သတင်းစာ Stars and Stripes အပါအ၀င် အခြားသတင်းစာတိုက်များကလည်းချီးမွမ်းခဲ့ကြပါတယ်။ အမေရိကန်စစ်တပ်သည် ၁၉၄၄ ခုနှစ် ဩဂုတ်လတွင် “ ကျိုးနွံသော နီဂရိုးအမေရိကန်စစ်သည် " ဆိုပြီး သူ့ရဲ့ရဲရင်းမှုအတွက် သတင်းထုတ်ပြန်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=811,q=100/79/79fc50b337151afe2f8ceb590ee63834a0ca301b.webp
https://s9.kh1.co/__image/w=650,h=677,q=100/dc/dcbe97c62c71198a3a2e304c666cdc1942e080aa.webp

D-Day ကိုအဓိကဦဆောင်ခဲ့သူနှင့် သမ္မတဖြစ်လာသူ Gen. Dwight D. Eisenhower တောင်ပင် Woodson ကို “ သူ့ရဲ့ရည်မှန်းချက်ကို ရဲရင့်မှုနဲ့စိတ်ထက်သန်စွာ ထမ်းဆောင်ခဲ့ပြီး လေကြောင်းကာကွယ်ရေးအဖွဲ့ရဲ့အရေးပါတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်းသက်သေပြနိုင်ခဲ့တယ်။ ” လို့ ချီးကျူးခဲ့ပါတယ်။ ဒါပေမယ့် Woodson ဟာ ထူးခြားသောစွမ်းရည်ကိုပြသနိုင်တဲ့ သူများအားပေးအပ်တဲ့ အမေရိကန်စစ်တပ်ရဲ့ အမြင့်ဆုံးဂုဏ်ပြုဆုတံဆိပ်ကိုဘယ်သောအခါမှမရခဲ့ပါဘူး။ တကယ်တော့ ဒုတိယကမ္ဘာစစ်အတွင်းပေးအပ်ခဲ့တဲ့ဂုဏ်ပြုဆု ရာပေါင်းများစွာထဲက စစ်ပွဲအတွင်း အာဖရိကန်-အမေရိကန် ၁ သန်းကျော် တာ၀န်ထမ်းဆောင်ခဲ့ပေမယ့်လည်း လူမည်းစစ်သားတစ် ဦး တစ်ယောက်မှ မရရှိခဲ့ပါဘူး။ Woodson လို လူ့အသက်ပေါင်း ၃၀၀နီးပါ အသက်ကယ်ခဲ့တဲ့လူတောင်မှ " Medel Of Honor " ကိုမရရှိခဲ့ပါဘူး။ သူဟာ ၂၀၀၅ ခုနှစ်မှာ သေဆုံးခဲ့ပြီဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=940,q=100/11/1134eca23c43ae7f05b5b29074dd9c3fdaf0786e.jpg
https://s9.kh1.co/__image/w=650,h=366,q=100/25/252f12168f3f8d64df87f5d3840ee2f2158febab.webp

သတင်း အရင်းအမြစ်History

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T