စစ်ကိုင်းတိုင်းတွင် D Day စကြေညာတဲ့နေ့မှာပဲ Mytel တာဝါတိုင် (၁၃) ခု တိတိ ဖောက်ခွဲဖျက်ဆီးခံခဲ့ရတဲ့ ဖြစ်စဉ်

//s9.kh1.co/a3/a3549b0f52eac4d73a332179254e075ed6752de1.png
နေ့စဉ်သတင်းများ

 ၀၈-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

မနေ့က စက်တင်ဘာ (၇) ရက်နေ့ဟာ NGU အစိုးရက အာဏာရှင်ကို လှည်းနေလှေအောင်း မြင်းဇောင်းမကျန်တော်လှန်ကြဖို့ နှိုးဆော်လိုက်တဲ့အချိန်မှာပဲ စစ်ကိုင်းတိုင်းဒေသကြီးမှာရှိတဲ့ Mytel တာဝါတိုင် (၁၃) ခု တိတိ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပါတယ်။ အာဏာရှင်ကိုသာမက အာဏာရှင်ကို အထောက်အပံ့ဖြစ်စေတဲ့ ဖန်တီးပေးနေတဲ့ သူ့ရဲ့လုပ်ငန်းတွေကိုပါ အဓိကထားပြီး ဖျက်ဆီးပစ်ခဲ့ကြတာပါ။ မကြာခဏဆိုသလို ဖောက်ခွဲဖျက်ဆီးခံနေရတဲ့ Mytel တာဝါတိုင်တွေဟာ တဖြည်းဖြည်းနဲ့ ပိုပိုပြီးများလာခဲ့ပါပြီ။

Photo Credit - HTY Information's FB Acc
Photo Credit - HTY Information's FB Acc
Photo Credit - HTY Information's FB Acc
Photo Credit - HTY Information's FB Acc

တာဝါတိုင်အနီးအနားမှာနေကြတဲ့ ပြည်သူတွေအနေနဲ့တော့ မိမိတို့ရဲ့အန္တရာယ်ကိုကြိုတွေးပြီး ဘေးလွတ်ရာကိုရွှေ့ပြောင်းထားဖို့လိုအပ်ပါတယ်။ မတရားမှုကိုတွန်းလှန်ချိန်မှာ မတော်တဆဖြစ်ရပ်တွေ ထဲမှာ ကိုယ်မပါမိအောင် ပြည်သူတွေက အသိသတိနဲ့ယှဉ်ပြီး နေထိုင်ဖို့လိုပါတယ်။ ဖောက်ခွဲဖျက်ဆီးခံရတဲ့ တာဝါတိုင်တွေဟာလည်း အတော်လေးကို ပျက်ဆီးသွားခဲ့ပြီး ရစရာမရှိသလောက်အခြေအနေကို ဖြစ်သွားခဲ့တာပါ။

Photo Credit - HTY Information's FB Acc
Photo Credit - HTY Information's FB Acc

ပြည်သူ့အစိုးရက D Day ဆိုပြီး စတင်ကြေညာလိုက်တဲ့အချိန်မှာပဲ တော်လှန်ရေးကို အရှိန်မြှင့်ပြီး ပြင်းပြင်းထန်ထန်လုပ်လာခဲ့တာပါ။ ဖောက်ခွဲခံရမှုကြောင့် ဆိုဒ်တစ်ခုလုံးနီးပါး ပျက်စီးသွားခဲ့ပြီး အထဲက စက်ပစ္စည်းတွေလည်း သုံးမရတော့လောက်အောင်ကို လောင်ကျွမ်းသွားခဲ့တာပါ။ ပျက်စီးသွားခဲ့တဲ့ ပုံရိပ်တွေကို ပရိသတ်ကြီးလည်း ထပ်တူမြင်တွေ့ရအောင် တင်ဆက်ပေးလိုက်ပါတယ်။

Photo Credit - HTY Information's FB Acc
Photo Credit - HTY Information's FB Acc
Photo Credit - HTY Information's FB Acc
Photo Credit - HTY Information's FB Acc

သတင်း အရင်းအမြစ်HTY Information's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T