Charity Sale ရောင်းရငွေထဲက စစ်ဘေးရှောင်နဲ့ Covid လူနာတွေအတွက် အများကြီး လှူဒါန်းပေးခဲ့တဲ့ ရေဗက္ကာဝင်း

//s9.kh1.co/7c/7c180d2a87b9a8145b2325c81485de3d016dd739.png
အနုပညာရှင်များ

 ၀၈-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

သံစဉ်အေးအေးလေးတွေနဲ့ ပရိသတ်တွေကို နားသောတဖြစ်စေခဲ့တဲ့ အဆိုတော်ရေဗက္ကာဝင်းဟာ လက်ရှိအရေးအခင်းမှာ သူမ တတ်နိုင်တဲ့ဖက်ကနေ ပြည်သူတွေကိုပြန်ပြီးကူညီပေးနေခဲ့ပါတယ်။ သူမရဲ့ fun club မှာ ပထမအကြိမ် Charity Sale လုပ်ခဲ့ပြီးနောက် အောက်စီဂျင်စက်ရုံအတွက် လှူဒါန်းပေးခဲ့ ပါတယ်။ ဒီနောက် ဒုတိယ Charity Sale မှာလည်း စစ်ဘေးရှောင်နဲ့ covid လူနာ အတွက် ထပ်မံလှူဒါန်း ပေးခဲ့ပြန်ပါပြီ။ သူမကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေကို ကိုယ်တတ်နိုင်တဲ့အချိန်မှာ ပြန်ပြီးကူညီပေးတတ်တဲ့ ရေဗက္ကာရဲ့လုပ်ရပ်လေးက လေးစားစရာပါ။

Photo Credit - Rebecca Win's FB Acc
Photo Credit - Rebecca Win's FB Acc

ဒုတိယရောင်းရငွေထဲက (၁၀) သိန်းကျပ်ကို လှူဒါန်းပေးခဲ့တာပါ။ ဒီလိုကာလမှာ ငွေတစ်သိန်းဆိုရင်တောင် အတော်လေးကိုတန်ဖိုးရှိတာမို့ ငွေဆယ်သိန်းဆိုတာ အတိုင်းအတာတစ်ခုထိ အဆင်ပြေနိုင်ပါတယ်။ ကပ်ရောဂါဆိုးကို ခံစားနေရတဲ့ ပြည်သူတွေလည်းရှိသလို စစ်ဘေးဒုက္ခကို မျက်ဝါးထင်ထင်ကြုံတွေ့ပြီး အိုးအိမ်ကိုတွေကို စွန့်ခွာထွက်ပြေးနေရတဲ့ ပြည်သူတွေကို စာနာပြီးလှူဒါန်းပေးခဲ့တာပါ။

Photo Credit - Rebecca Win's FB Acc
Photo Credit - Rebecca Win's FB Acc
Photo Credit - Rebecca Win's FB Acc
Photo Credit - Rebecca Win's FB Acc

တစ်ယောက်တည်းဖြစ်သွားတဲ့အခြေအနေမှာ သူမကိုချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေရဲ့မေတ္တာကြောင့် လက်ရှိမှာတော့ အတော်လေးကိုဖြေသာနေခဲ့ပါတယ်။ အားလုံးအဆင်မပြေဖြစ်နေတဲ့အခိုက်အတန့်မှာ သူမကိုယ်တိုင်လည်း မပျော်ရွှင်ဘဲ အားလုံးနဲ့ထပ်တူ ဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်းရင်ဖွင့်ခဲ့ပါ သေးတယ်။ ဒီလိုလှူဒါန်းမှုလေးတွေကတော့ ပြည်သူတွေအပေါ်ထားတဲ့ သူမရဲ့မေတ္တာလေးတွေမို့ အားလုံးသာဓုခေါ်ရအောင် ဝေမျှပေးလိုက်ပါတယ်။

Photo Credit - Rebecca Win's FB Acc
Photo Credit - Rebecca Win's FB Acc

သတင်း အရင်းအမြစ်Rebecca Win's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T