ဂျာမနီသူဇနီးချောလေးနဲ့ ချစ်စရာသမီးလေးကို ပိုင်ဆိုင်ထားတဲ့ အဆိပ်ပန်းဇာတ်လမ်းတွဲထဲက ထိုင်းမင်းသားချော S Kantapong ရဲ့အကြောင်း

//s9.kh1.co/6a/6a4462d17821edbdc710e33fd5054458c016202d.jpg
အနုပညာရှင်များ

 ၀၈-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

ဂျာမနီသူဇနီးချောလေးနဲ့ ချစ်စရာသမီးလေးကို ပိုင်ဆိုင်ထားတဲ့ အဆိပ်ပန်းဇာတ်လမ်းတွဲထဲက ထိုင်းမင်းသားချော S Kantapong ရဲ့အကြောင်း

ယခုလက်ရှိ ထိုင်းနိုင်ငံမှာ ထုတ်လွှင့်ပြသနေတဲ့ အဆိပ်ပန်း( Mae Bai) ဆိုတဲ့ ဇာတ်လမ်းတွဲကတော့ အတော်လေးကို အောင်မြင်မှုရရှိနေတာ ဖြစ်ပါတယ် ။ ဒီဇာတ်လမ်းတွဲက ထိုင်းနိုင်ငံမှာသာမက မြန်မာနိုင်ငံမှာပါ ကြည့်ရှုသူ အများအပြားရရှိပြီး ရေပန်းစားနေတာ ဖြစ်ပါတယ် ။ ဒါကြောင့် ဒီဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ထိုင်းမင်းသားချော S Kantapong နဲ့ ချစ်စရာကောင်းတဲ့ သူ့မိသားစုလေးရဲ့အကြောင်းကို ပရိသတ်တွေအတွက် ဖော်ပြပေးချင်ပါတယ်။

Photo Credit-S Kantapong's IG Acc
Photo Credit-S Kantapong's IG Acc
Photo Credit-S Kantapong's IG Acc
Photo Credit-S Kantapong's IG Acc
Photo Credit-S Kantapong's IG Acc
Photo Credit-S Kantapong's IG Acc

S Kantapong Bamrongrak က ထိုင်းနိုင်ငံမှာ အောင်မြင်နေတဲ့ နာမည်ကြီးမင်းသားတစ်လက်ဖြစ်ပြီး ရုပ်သံဇာတ်လမ်းတွဲပေါင်းများစွာကို ရိုက်ကူးခဲ့သူ ဖြစ်ပါတယ် ။ အသက် (၃၅) နှစ်ရှိပြီဖြစ်တဲ့ S Kantapong က ဂျာမနီသူလေး Kristina Winkler နဲ့ လွန်ခဲ့တဲ့တစ်နှစ်က လက်ထပ်ခဲ့ပြီး သမီးလေးတစ်ယောက် ထွန်းကားခဲ့ပါတယ်။ S Kantapong တို့ဇနီးမောင်နှံရဲ့ပထမဆုံးရင်သွေးလေးဖြစ်တဲ့ Valentina က အခုဆိုရင် အသက် (၁၀)လအရွယ်ရှိနေပြီ ဖြစ်ပါတယ် ။

Photo Credit-S Kantapong's IG Acc
Photo Credit-S Kantapong's IG Acc
Photo Credit-S Kantapong's IG Acc
Photo Credit-S Kantapong's IG Acc
Photo Credit-S Kantapong's IG Acc
Photo Credit-S Kantapong's IG Acc

ဒါကြောင့် လက်တွေ့ဘဝမှာတော့ S Kantapong က ချောမောလှပတဲ့ချစ်ဇနီးလေးနဲ့ ချစ်စရာကောင်းတဲ့ သမီးချောလေးကို ပိုင်ဆိုင်ထားသူဖြစ်တာကြောင့် အများကပါ အားကျနေရတာ ဖြစ်ပါတယ် ။ S Kantapong ကလည်း သူတို့မိသားစုလေးရဲ့ပျော်ရွှင်စရာ အမှတ်တရတွေကို မကြာခဏဆိုသလို မျှဝေပေးလေ့ရှိတာပဲ ဖြစ်ပါတယ်။ အပြင်လောကမှာ ဂျာမနီသူဇနီးချောလေးနဲ့အတူ သမီးလေးတစ်ယောက်ထွန်းကားပြီး ကြည်နူးအားကျစရာ ဘဝလေးကိုရရှိထားတဲ့ ထိုင်းမင်းသားချော S Kantapong ရဲ့အကြောင်းကို တင်ဆက်ပေးလိုက်တာပဲ ဖြစ်ပါတယ် ။

Source & Photo Credit-S Kantapong's IG Acc

Photo Credit-S Kantapong's IG Acc
Photo Credit-S Kantapong's IG Acc
Photo Credit-S Kantapong's IG Acc
Photo Credit-S Kantapong's IG Acc
Photo Credit-S Kantapong's IG Acc
Photo Credit-S Kantapong's IG Acc
Photo Credit-S Kantapong's IG Acc
Photo Credit-S Kantapong's IG Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T