လူတွေရဲ့အသက်ကို ကယ်တင်ပေးခဲ့ဖူးကြတဲ့ ကမ္ဘာကျော် အနုပညာရှင်များ

//s9.kh1.co/c3/c3401969054ffd42eca540f178d2aea071724b38.jpg
ဗဟုသုတအဖြာဖြာ

 ၀၈-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

ကျွန်တော်တို့ လူသားတွေဟာ Superhero တွေကို ကြိုက်နှစ်သက်ကြပါတယ်။ ဒါပေမယ့် အပြင်ကမ္ဘာမှာတော့ သူတို့လို စွမ်းအားရှိတဲ့သူတွေကို မတွေ့ဖူးပါဘူး။ ဒီလိုစွမ်းအားမရှိပေမယ့်လည်း တကယ်လက်တွေ့ကမ္ဘာမှာ သူရဲကောင်းများစွာရှိပါတယ်။ အဲ့လိုသူရဲကောင်းတွေထဲမှာ ကမ္ဘာကျော်အနုပညာရှင်တွေလည်း ပါဝင်တာမို့ တချို့ကို ဖော်ပြလိုက်ပါတယ်။

Leonardo DiCaprio 

https://s9.kh1.co/__image/w=650,h=488,q=100/76/769ca81595aede0e787adc3a21dcd49431c4740f.jpeg

Leonardo DiCaprio ဟာ တခါတုန်းက ရေထဲမှာ ၁၁ နာရီလောက်သောင်တင်နေတဲ့သူကို ကယ်တင်ပေးခဲ့ဖူးပါတယ်။ လီယိုနာဒိုရဲ့ သင်္ဘောဆိကို လူတစ်ယောက် သင်္ဘောပေါ်ကနေ ပြုတ်ကျကျန်ခဲ့ကြောင်း သတင်းရရှိခဲ့တာကြောင့် လီယိုနာဒိုဟာ အဲ့ဒီလူကိုသူတို့ သင်္ဘောနဲ့ရှာဖွေခဲ့ပြီး ကျွန်းတစ်ကျွန်ပေါ် သောင်တင်နေတာ‌ တွေ့ရှိခဲ့ကြပါတယ်။ အဲ့လူက အဲ့ကျွန်းရောက်ဖို့ ၁၁ နာရီလောက်ရေထဲမှာ မြောနေခဲ့ရကြောင်း ပြောခဲ့ပါတယ်။

Tom Cruise

https://s9.kh1.co/__image/w=650,h=488,q=100/ad/adc345fb8ea2ee620464d165ade90547f75b7fe2.jpeg

Tom Cruise ဟာ ၁၉၈၈ တုန်းက " Cocktail " ကိုရိုက်ကူးနေစဉ်အတွင်း မင်းသမီး Elisabeth Shueရဲ့ အသက်ကို လည်နေတဲ့ ရဟတ်ယာဉ် ဒလက်များကနေ ကယ်တင်ပေးခဲ့ဖူးပါတယ်။ ၁၉၉၆ တုန်းကလည်း မင်းသမီး Heloisa Vinhas ကို ကားနဲ့တိုက်ပြေးတဲ့သူကိုလည်း ဖမ်းပေးခဲ့တာမို့ Hero ထပ်ဖြစ်ခဲ့ပါသေးတယ်။

Tom Holland

https://s9.kh1.co/__image/w=650,h=488,q=100/6c/6c0aac73d0c110ad0f9dd3853c63ccbe81f19fb9.jpeg

ပရိသတ်တစ်ယောင်ဟာ Spiderman မင်းသား Tom Holland ကသူ့ကို လက်မှတ်ထိုးပွဲတုန်းက လူအုပ်ကြားထဲမှာ ပိမသေခင် ကယ်ခဲ့ဖူးကြောင်း ပြောခဲ့ပါတယ်။

Benedict Cumberbatch

https://s9.kh1.co/__image/w=650,h=488,q=100/91/919ea9e4d716eadea1ffaa0b51cd3b2e36bb5df5.jpeg

Dr.Strange မင်းသား Benedict Cumberbatch ဟာ Deliveroo စက်ဘီးသမားတစ်ဦးကုိ သူရဲ့ Uber Driver နဲ့ ကယ်တင်ပေးခဲ့ဖူးပါတယ်။ လူလေးယောက်က Delivery သမားလေးကို ထိုးကြိတ်နေတာကြောင့် သူဟာ ကားပေါ်ကဆင်းပြီး အဲ့ကြားထဲ၀င်ကာ " Leave him alone " ဆိုပြီးအော်ခဲ့ကာ တားခဲ့ပါတယ်။ သူရဲ့ Uber Driver လည်းကားပေါ်‌ကနေဆင်းခဲ့ပြီး တားခဲ့ပါတယ်။

Tom Hardy

https://s9.kh1.co/__image/w=650,h=488,q=100/40/40120a2c0cbb5cfb2e6ffd310eb195ea8fb01363.jpeg

၂၀၁၇ ခုနှစ်တုန်းက သူခိုးနှစ်ယောက်ဟာ အိတ်လုပြေးချိန် ကားတိုက်ခံခဲ့ရပါတယ်။ တစ်ယောက်က လွတ်သွားပေးမယ့် နောက်တစ်ယောက်ကတော့ ကျန်ခဲ့ပြီး Tom Hardy နဲ့‌ တွေ့ခဲ့မိပါတယ်။ Venom မင်းသားကလည်း အဲ့သူခိုးကို ကားမှတ်တိုင်ဆီဆွဲခေါ်သွားပြီး လက်နက်ပါမပါသေချာအောင် ထိုးကြိတ်ခဲ့ပါတယ်။ မြင်လိုက်ရတဲ့သူတွေကတော့ Super Hero တစ်ယောက်လိုပဲလို့ ပြောခဲ့ပါတယ်။

သတင်း အရင်းအမြစ်Insider

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T