အချိန်မရွေးပစ်သတ်နိုင်တဲ့တာလီဘန်တွေရဲ့ရှေ့မှာတောင် မကြောက်မရွံ့ဘဲ သတ္တိအပြည့်နဲ့ပြောရဲဆိုရဲနေကြတဲ့အာဖကန်အမျိုးသမီးတွေရဲ့ဗီဒီယို

//s9.kh1.co/d4/d406ab1d56c0251172fe1bfeeefd04b5783afdbe.jpeg
နေ့စဉ်သတင်းများ

 ၀၈-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

အချိန်မရွေးပစ်သတ်နိုင်တဲ့တာလီဘန်တွေရဲ့ရှေ့မှာတောင် မကြောက်မရွံ့ဘဲ သတ္တိအပြည့်နဲ့ပြောရဲဆိုရဲနေကြတဲ့အာဖကန်အမျိုးသမီးတွေရဲ့ဗီဒီယို

အာဖကန်နစ္စတန်နိုင်ငံမှာတော့ ပြည်သူတွေလည်း မိမိတို့ရဲ့အခွင့်အရေးအတွက် အရဲစွန့်ပြီးတောင်းဆိုနေကြတာဖြစ်ပါတယ်။ဩဂုတ်လကတည်းက အခုချိန်ထိ မတည်ငြိမ်၊မအေးချမ်းသေးတဲ့ အာဖကန်မှာ အမျိုးသမီးထုကြီးကတော့ သတ္တိအပြည့်နဲ့ဆန္ဒထုတ်ဖော်နေကြတာပဲဖြစ်ပါတယ်။ဒီနေ့မှာလည်း အာဖကန်အမျိုးသမီးတွေက ကာဘူးလ်မြို့ရဲ့လမ်းမပေါ်မှာ အဖွဲ့လိုက်ချီတက်ကြပြီး သူမတို့လိုချင်တဲ့အခွင့်အရေးတွေကို တောင်းဆိုနေကြတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=433,q=100/db/dbc49b960f1f107b8d2e48d7f5b2d2239f717f0e.jpeg
https://s9.kh1.co/__image/w=650,h=301,q=100/0b/0b86cbb98f20c2118314abd4c7854b66519b3226.jpeg

အမျိုးသမီးတွေရဲ့သတ္တိကတော့ လက်နက်ကိုင်ထားတဲ့တာလီဘန်တွေရဲ့ရှေ့မှာတောင် မကြောက်မရွံ့နဲ့ပြောရဲဆိုရဲနေကြတာဖြစ်ပါတယ်။တာလီဘန်တွေကလည်း ဆန္ဒထုတ်ဖော်နေကြတဲ့ အမျိုးသမီးထုကြီးကို ရပ်တန့်ဖို့ကြိုးစားနေကြပေမယ့် မအောင်မြင်ခဲ့တာဖြစ်ပါတယ်။အမျိုးသမီးတွေက ရှေ့ဆက်လျှောက်လှမ်းကြပြီး ရဲရဲရင့်ရင့်နဲ့ ဆန္ဒထုတ်ဖော်နေကြလို့ တာလီဘန်တွေလည်း ဘာမှမတတ်နိုင်ခဲ့တဲ့အခြေအနေကို ဗီဒီယိုထဲမှာတွေ့မြင်ရပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/1b/1b39ef169c63bc27fb1c69da3fbc85211921e5fd.jpeg
https://s9.kh1.co/__image/w=650,h=650,q=100/a6/a6f93e79df5959aa6266ee09094c6a90a734e7c4.jpeg

ကာဘူးလ်မြို့လယ်ကို ဆိုင်းဘုတ်တွေကိုင်ပြီးချီတက်လာတဲ့ တချို့အာဖကန်အမျိုးသမီးတွေကိုတာလီဘန်တွေကဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။အမျိုးသမီးတွေလည်း သူမတို့ရဲ့လုံခြုံရေးအတွက် တတ်နိုင်သလောက်ကာကွယ်ခဲ့ကြပြီး နောက်ပြန်ဆုတ်ကြတာဖြစ်ပါတယ်။လမ်းပေါ်မှာတင်ပဲ သူမတို့အားလုံးကိုသတ်ပစ်လိုက်နိုင်တဲ့အကြမ်းဖက်တာလီဘန်တွေရဲ့ရှေ့မှာတောင် အရမ်းရဲရင့်နေကြတဲ့ အာဖကန်အမျိုးသမီးတွေရဲ့ဗီဒီယိုကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

https://s9.kh1.co/__image/w=650,h=417,q=100/3f/3fe09474ed930045b5728cba83bd3dd3650fa702.jpeg
https://s9.kh1.co/__image/w=650,h=360,q=100/a2/a27e16d52226efc060e0905b62c23a2591608407.jpeg

Photo Credit:From Twitter 

Source&video credit:Twitter 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T