ဆေးခြောက်သုံးစွဲသော အရွယ်ရောက်ပြီးသူများဟာ သာမာန်ထက် နှလုံးရောဂါဖြစ်နိုင်ချေ နှစ်ဆပိုရှိကြောင်း ဆေးပညာရှင်များသုံးသပ်

//s9.kh1.co/d1/d15632151fe3eb64a9f17f4a086833de89a43e44.png
နေ့စဉ်သတင်းများ

 ၀၈-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

..

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းဖြစ်တဲ့ WHO ရဲ့သုံးသပ်ချက်အရ မြန်မာအခေါ်ဆေးခြောက်ဟာ Cannabis sativa အပင်၏ psychoactive များကို ပြန်လည်ပြင်ဆင်ပြီး ထုတ်ထားတာဖြစ်တယ်လို့ဆိုပါတယ်။ လူကြီးလူငယ်မရွေးသုံးစွဲကြတဲ့အထဲမှာ အသက် (၁၈) နှစ်ကနေ (၄၄) နှစ်အတွင်း သုံးစွဲသူတွေဟာ တခြားသူတွေထက် နှလုံးရောဂါဖြစ်နိုင်ချေနှစ်ဆမြင့်တက်နိုင်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။ ဆေးခြောက်ဟာ စိတ်ကိုငြိမ်းချမ်းပြီးလွင့်မျောစေတဲ့ခံစားမှုကို ပေးစွမ်းနိုင်သော်လည်း ရေရှည်သုံးစွဲလာတဲ့ အချိန်မှာ နှလုံးရောဂါဖြစ်နိုင်ချေရှိကြောင်းကို ကနေဒါဆေးဘက်ဆိုင်ရာအသင်းဂျာနယ်က အင်္ဂါနေ့မှာ ထုတ်ဝေခဲ့တဲ့ သုတေသနအချက်အလက်တွေအရသိရပါတယ်။

Photo Credit - Google<br>
Photo Credit - Google

ပြီးခဲ့တဲ့ (၂၀၁၇) နဲ့ (၂၀၁၈) ခုနှစ်တွေမှာ သုတေသနပညာရှင်တွေဟာ အသက် (၁၈) နှစ်မှ (၄၄) နှစ်အတွင်း လူပေါင်း (၃၃၀၀၀) ကျော်ကို လေ့လာခဲ့ပြီးမှ ဒီအချက်အလက်တွေကို အားလုံးသိအောင်ထုတ်ပြန်ခဲ့တာပါ။ အရွယ်ရောက်ပြီးသူ (၁၇) ရာခိုင်နှုန်းအနက် (၁.၃) ရာခိုင်နှုန်းဟာ ဆေးခြောက်ကို ကာလရှည်ကြာစွာ အသုံးပြုပြီးနောက် နှလုံးထိခိုက်ဝေဒနာတွေခံစားခဲ့ရကြောင်း စစ်တမ်းကောက်ယူနိုင်ခဲ့ပါတယ်။ တစ်ချို့သောသူတွေက ဆေးခြောက်စားသုံးခြင်းနဲ့ ရှုရှိုက်ခြင်းဟာ ကျန်းမာရေးကိုမထိခိုက်ဘူးလို့ ဆိုသော်ငြားလည်း ဒီအချက်အလက်ဟာမမှန်ကန်ကြောင်း ဒေါက်တာ Karim Ladha၊ ဆေးပညာရှင်၊ သိပ္ပံပညာရှင်နှင့် မေ့ဆေးဆရာဝန်တို့ကငြင်းဆိုခဲ့ပါတယ်။

Photo Credit - Google
Photo Credit - Google

ဒီလိုသုံးစွဲခြင်းကြောင့်လည်း ပုံမှန်မဟုတ်တဲ့နှလုံးခုန်နှုန်းတွေလည်းဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်။ နှလုံးခုန်နှုန်းမမှန်တဲ့အခါ နှလုံးရဲ့အောက်ဆီဂျင်ပမာဏကိုတိုးလာစေနိုင်တယ်လို့ သုတေသနပြုလုပ်ခဲ့သူ Ladha ကရှင်းပြခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ဆေးခြောက်ဟာ နှလုံးကိုပို့လွှတ်တဲ့ အောက်ဆီဂျင် ပမာဏကိုလည်းကန့်သတ်နိုင်ကြောင်း ပြောပြလာခဲ့ပါတယ်။ ယနေ့ဈေးကွက်တွင် ရောင်းချသော ဆေးခြောက်တွေဟာလွန်ခဲ့သောအနှစ် (၅၀) ခန့်က ဆေးခြောက်တွေထက် များစွာပိုအစွမ်းထက်ကြောင်း American Heart Association ရဲ့ ဥက္ကဋ္ဌ Robert ကပြောကြားခဲ့ပါတယ်။ စာဖတ်သူတို့လည်း ဒီစာလေးကိုဖတ်မိပြီး တန်ဆေးလွန်ဘေးမဖြစ်ကြစေဖို့ သတိပေးလိုက်ပါတယ်။

Photo Credit - Google
Photo Credit - Google

သတင်း အရင်းအမြစ်CNN's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T