မိုးသည်းထန်းစွာ ရွာသွန်းမှုကြောင့် မြေပြိုပြီး ကျောက်တုံးကြီးတွေပါ ပြိုကျနေတဲ့ တောင်ကြီးမြို့ အတက်အဆင်းလမ်းရဲ့လက်ရှိအခြေအနေ

//s9.kh1.co/83/834d5e2cc713f7e52d30caf14c27d6ba82de046c.jpg
နေ့စဉ်သတင်းများ

 ၀၈-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

မိုးသည်းထန်းစွာ ရွာသွန်းမှုကြောင့် မြေပြိုပြီး ကျောက်တုံးကြီးတွေပါ ပြိုကျနေတဲ့ တောင်ကြီးမြို့ အတက်အဆင်းလမ်းရဲ့လက်ရှိအခြေအနေ

ယနေ့ စက်တင်ဘာလ (၈) ရက်နေ့မှာတော့ တောင်ကြီးမြို့ အဆင်းလမ်းမှာ မြေပြိုမှုဖြစ်ပေါ်နေတယ်လို့ သိရှိရပါတယ်။ မိုးသည်းထန်းစွာ ရွာသွန်းမှုကြောင့် တောင်ကြီး-အေးသာယာအဆင်းလမ်းမှာ မြေပြိုမှုဖြစ်ပွားခဲ့ရတာဖြစ်ပြီး လမ်းပေါ်အထိ ရေတွေလျှံနေခဲ့တာ ဖြစ်ပါတယ် ။ အဲ့ဒီနေရာကို ရောက်ရှိခဲ့တဲ့ ပြည်သူတစ်ဦးက လက်ရှိမြင်ကွင်းကိုဓာတ်ပုံရိုက်ပြီး ယနေ့နေ့လည် (၁၁)နာရီဝန်းကျင်ခန့်မှာ လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် မျှဝေလာခဲ့တာပဲ ဖြစ်ပါတယ် ။

Photo Credit-Shwe Chuu's FB Acc
Photo Credit-Shwe Chuu's FB Acc

ယနေ့မနက်ပိုင်းကတည်းက တောင်ကြီးမြို့မှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ကြောင်း ပြည်သူတစ်ဦးရဲ့ပြောပြချက်အရ သိရှိရပါတယ်။ မိုးရွာသွန်းမှုကြောင့် တောင်ကြီးမြို့အတက်အဆင်းလမ်းမှာ ယခုလိုမျိုး မြေပြိုမှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိတာလည်း ဖြစ်ပါတယ် ။ မြေပြိုတဲ့အပြင် လမ်းပေါ်အထိ ရေလျှံတာမျိုးတွေလည်း ဖြစ်ပေါ်နေတတာကြောင့် ယာဥ်မတော်တဆမှုတွေလည်း ဖြစ်ပွားနိုင်ခြေရှိနေတာ ဖြစ်ပါတယ် ။

Photo Credit-Shwe Chuu's FB Acc
Photo Credit-Shwe Chuu's FB Acc
Photo Credit-Shwe Chuu's FB Acc
Photo Credit-Shwe Chuu's FB Acc

ဒီပုံတွေကို မျှဝေခဲ့တဲ့သူကတော့ " TGI အဆင်းမြေပြိုနေပါသည် ? တစ်လမ်းလုံး ကျောက်တုံးကြီးတွေလည်း ပြိုကျထားတယ် နည်းတာကြီးမဟုတ်ဘူး" ဆိုပြီး ရေးသားပြောပြခဲ့တာ ဖြစ်ပါတယ် ။ ယခုလက်ရှိမှာတော့ တောင်ကြီး-အေးသာယာလမ်းရဲ့အခြေအနေက ဆိုးရွားနေတာကြောင့် ပြည်သူတွေအနေနဲ့ ဖြတ်သန်းသွားလာတာမျိုး မပြုလုပ်သင့်ကြောင်း ပြည်သူတစ်ဦးက မေတ္တာရပ်ခံထားပါသေးတယ်။ ယနေ့စက်တင်ဘာလ (၇) ရက်နေ့မှာ တောင်ကြီးမြို့အတက်အဆင်းလမ်းတွင် မြေပြိုမှုဖြစ်ပွားနေတဲ့ မြင်ကွင်းပုံရိပ်တွေကို ဖော်ပြပေးလိုက်ရပါတယ်။

Source & Photo Credit-Shwe Chuu's FB Acc

Photo Credit-Shwe Chuu's FB Acc
Photo Credit-Shwe Chuu's FB Acc
Photo Credit-Shwe Chuu's FB Acc
Photo Credit-Shwe Chuu's FB Acc
Photo Credit-Shwe Chuu's FB Acc
Photo Credit-Shwe Chuu's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T