ဒုတိယမြောက်ရင်သွေးလေးကို ကိုယ်ဝန်လွယ်ထားရပြီဆိုတဲ့ ဝမ်းသာစရာသတင်းနဲ့ အားလုံးကို Surprise ဖြစ်စေခဲ့တဲ့ Kylie Jenner ရဲ့ဗီဒီယိုဖိုင်လေး

//s9.kh1.co/1c/1ce95cbb7f6c98aa85b8b53e146d978d4e0d7b3c.jpg
အနုပညာရှင်များ

 ၀၈-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

ဒုတိယမြောက်ရင်သွေးလေးကို ကိုယ်ဝန်လွယ်ထားရပြီဆိုတဲ့ ဝမ်းသာစရာသတင်းနဲ့ အားလုံးကို Surprise ဖြစ်စေခဲ့တဲ့ Kylie Jenner ရဲ့ဗီဒီယိုဖိုင်လေး

Kylie Jenner ကတော့ ကမ္ဘာကျော် Model တစ်ဦးဖြစ်ရုံသာမက အောင်မြင်မှုများစွာရရှိနေတဲ့ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတစ်ဦးလည်း ဖြစ်ပါတယ် ။ "Kylie Cosmetics" ရဲ့ပိုင်ရှင်ဖြစ်တဲ့ Kylie Jenner က ကုမ္ပဏီကို စတင်တည်ထောင်ခဲ့သူတစ်ယောက်ဖြစ်ပြီး ယနေ့ချိန်မှာတော့ သူမရဲ့အလှကုန်တွေက ကမ္ဘာတစ်လွှားမှာအောင်မြင်နေတာ ဖြစ်ပါတယ် ။ Kylie က Rap နာမည်ကြီး Rap အဆိုတော် Travis Scott နဲ့ လက်ထပ်ခဲ့ပြီး သမီးလေးတစ်ယောက် မွေးဖွားခဲ့ပါတယ်။

Photo Credit-Kylie Jenner's IG Acc
Photo Credit-Kylie Jenner's IG Acc
Photo Credit-Kylie Jenner's IG Acc
Photo Credit-Kylie Jenner's IG Acc
Photo Credit-Kylie Jenner's IG Acc
Photo Credit-Kylie Jenner's IG Acc

ဒီနေ့မှာတော့ Kylie Jenner က သူမရဲ့Instagram ကတစ်ဆင့် ဝမ်းသာစရာသတင်းတစ်ခုကို အားလုံးသိအောင် ပြောပြလာခဲ့ပါတယ်။ Kylie က သူမအနေနဲ့ ဒုတိယမြောက်ရင်သွေးလေးကို ကိုယ်ဝန်လွယ်ထားရပြီဖြစ်ကြောင်း ဗီဒီယိုဖိုင်နဲ့တကွ အသိပေးဖော်ပြခဲ့တာ ဖြစ်ပါတယ် ။ ဒီဗီဒီယိုထဲမှာတော့ Kylie က ခင်ပွန်းဖြစ်သူ Travis Scott ကို သူမကိုယ်ဝန်လွယ်ထားရပြီဖြစ်ကြောင်း Surprise လုပ်ခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Kylie Jenner's IG Acc
Photo Credit-Kylie Jenner's IG Acc
Photo Credit-Kylie Jenner's IG Acc
Photo Credit-Kylie Jenner's IG Acc
Photo Credit-Kylie Jenner's IG Acc
Photo Credit-Kylie Jenner's IG Acc
Photo Credit-Kylie Jenner's IG Acc
Photo Credit-Kylie Jenner's IG Acc

ကလေးနှစ်ယောက်အဖေဖြစ်တော့မယ့် Travis Scott ကတော့ ဒုတိယမြောက်ရင်သွေးလေးရှိလာတဲ့အပေါ် အရမ်းကိုဝမ်းသာပျော်ရွှင်နေခဲ့တာ ဖြစ်ပါတယ် ။ အဲ့ဒီနောက်မှာတော့ Kylie တို့မိသားစုက သူမရဲ့ကိုယ်ဝန်ကို Ultrasound ရိုက်ကာ ကြည့်ရှုခဲ့ကြတာပဲ ဖြစ်ပါတယ် ။ ယခုလက်ရှိ လူမှုကွန်ယက်စာမျက်နှာမှာတော့ Kylie ကိုယ်ဝန်လွယ်ထားရတယ်ဆိုတဲ့သတင်းက ရေပန်းစားပျံ့နှံ့နေတာ ဖြစ်ပါတယ် ။ ဒုတိယရင်သွေးကိုလွယ်ထားရကြောင်း အသိပေးလာတဲ့ ကမ္ဘာကျော်Model Kylie Jenner ရဲ့ဗီဒီယိုဖိုင်ကို ဖော်ပြပေးလိုက်ရပါတယ်။

Source & Video Credit-Kylie Jenner's IG Acc

Photo Credit-Kylie Jenner's IG Acc
Photo Credit-Kylie Jenner's IG Acc
Photo Credit-Kylie Jenner's IG Acc
Photo Credit-Kylie Jenner's IG Acc
Photo Credit-Kylie Jenner's IG Acc
Photo Credit-Kylie Jenner's IG Acc
Photo Credit-Kylie Jenner's IG Acc
Photo Credit-Kylie Jenner's IG Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T