ရေငုပ်သင်္ဘောပေါ်ကနေ ပစ်လွှတ်လို့ရတဲ့ဒုံးကျည်အသစ်ကို အောင်မြင်စွာစမ်းသပ်နိုင်ခဲ့လို့ မြောက်ကိုရီးယားရန်ကို ကာကွယ်လို့ရပြီဖြစ်တဲ့ တောင်ကိုရီးယား

//s9.kh1.co/b3/b359369d443ada1069c469312270e14a6270a7f7.jpeg
နေ့စဉ်သတင်းများ

 ၀၈-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

ရေငုပ်သင်္ဘောပေါ်ကနေ ပစ်လွှတ်လို့ရတဲ့ဒုံးကျည်အသစ်ကို အောင်မြင်စွာစမ်းသပ်နိုင်ခဲ့လို့ မြောက်ကိုရီးယားရန်ကို ကာကွယ်လို့ရပြီဖြစ်တဲ့ တောင်ကိုရီးယား

မကြာသေးခင်ရက်ပိုင်းကမှ တောင်ကိုရီးယားနိုင်ငံရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက စစ်သုံးစရိတ်ကို တိုးမြှင့်ပြီးအင်အားကောင်းတဲ့ဒုံးကျည်တွေထုတ်လုပ်ဖို့ ဆောင်ရွက်နေကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း တောင်ကိုရီးယားရေတပ်က ရေငုပ်သင်္ဘောမှ SLBM ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်စမ်းသပ်မှု ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။SLBM ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်တဲ့အခါ အကွာအဝေး (၅၀၀)ကီလိုမီတာ (မိုင်၃၁၀)ကို ရောက်ရှိခဲ့တာကြောင့် Hyunmoo-2B ပဲ့ထိန်းဒုံးကျဉ်အသွင်ကွဲဖြစ်တယ်လို့ ယုံကြည်ရပြီး နောက်ထပ်စမ်းသပ်မှုများပြီးဆုံးသွားရင် အများအပြားထုတ်လုပ်တော့မယ်လို့သိရပါတယ်။

Photo Credit:AFP
Photo Credit:AFP
Photo Credit:From Google 
Photo Credit:From Google 

တောင်ကိုရီးယားနိုင်ငံရဲ့ ရေငုပ်သင်္ဘောနာမည်ကတော့ Dosan An Chang-ho ဖြစ်ပြီး နောက်ဆုံးပေါ်တိုက်ခိုက်ရေးရေငုပ်သင်္ဘောလည်းဖြစ်ပါတယ်။သင်္ဘောရဲ့ အလျားက ၈၃.၅မီတာ၊အကျယ် ၉.၆ မီတာ၊တန်ချိန် (၃၀၀၀)နဲ့ လူအရေအတွက် (၅၀)ဦးတို့ကို တင်ဆောင်နိုင်ပြီး ရေအောက်ထဲမှာ ရက်ပေါင်း (၂၀)ကျော် ငုပ်လျှိုးနိုင်တာဖြစ်ပါတယ်။တောင်ကိုရီးယားနိုင်ငံကလည်း အဏုမြူလက်နက်တွေတပ်ဆင်ထားတဲ့ မြောက်ကိုရီးယားရန်ကနေ ကာကွယ်ဖို့အတွက် နည်းလမ်းအမျိုးမျိုးနဲ့ကြိုးစားနေကြတာဖြစ်ပါတယ်။

Photo Credit:From Google 
Photo Credit:From Google 
Photo Credit:From Google 
Photo Credit:From Google 
Photo Credit:From Google 
Photo Credit:From Google 

အခုလိုမျိုး တာတိုပစ်ပဲ့ထိန်းဒုံးကျည်ရဲ့ စမ်းသပ်မှုက တောင်ကိုရီးယားစစ်ဘက်ဆိုင်ရာရဲ့ မိမိကိုယ်ကို ပထမဆုံးအားကိုးစမ်းသပ်ခြင်းဖြစ်တယ်လို့သိရပါတယ်။မြောက်ကိုရီးယားနိုင်ငံရဲ့ ပြုံးယမ်းမှာလည်း ရေငုပ်သင်္ဘောပေါ်ကနေဒုံးကျည်ပစ်လွှတ်ဖို့ နည်းလမ်းရှာဖွေနေတာကြာမြင့်နေပြီဖြစ်ပါတယ်။ဇန်နဝါရီလမှာတော့ မြောက်ကိုရီးယားသမ္မတက စစ်ရေးပြပွဲမှာ ဒုံးကျည်လေးခုကို ထုတ်ဖော်ပြသခဲ့သေးတာဖြစ်ပါတယ်။အခုဆိုရင်တော့ တောင်ကိုရီးယားနိုင်ငံလည်း SLBM ဒုံးကျည်ကိုအောင်မြင်စွာထုတ်လုပ်နိုင်ခဲ့တဲ့ နိုင်ငံအနည်းငယ်တွင် ပါဝင်လာခဲ့တဲ့အကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:AFP 
Photo Credit:AFP 
Photo Credit:From Google 
Photo Credit:From Google 

Source&Photo Credit:From Google&CNA

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T