D Day နေ့အတွက် ပြည်သူတွေ လုပ်ဆောင်သင့်တဲ့အရေးကြီးအချက်အလက်တွေကို အသိပေးပြောပြလာတဲ့ Rဇာနည်

//s9.kh1.co/ef/ef5928ce8a8d4230e534db3f4c2e09cceb502845.jpeg
အနုပညာရှင်များ

 ၀၈-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

..

အဆိုတော် Rဇာနည်ကတော့ တော်လှန်ရေးမှာ တက်တက်ကြွကြွပါဝင်မှုတွေကြောင့် ၅၀၅ က ဖြင့် အမှုဖွင့်အရေးယူခံထားရပြီး လက်ရှိမှာတော့ ရှောင်တိမ်းနေရတာ ဖြစ်ပါတယ်။ မိသားစုတွေရဲ့ အဝေးကို ရောက်ရှိနေကာ အရေးတော်ပုံကြီး အောင်မြင်ဖို့အတွက် တစ်တပ်တစ်အားပါဝင်နေတဲ့ Rဇာနည်ကတော့ Public Voice TV အစီအစဉ်တွေမှာလည်း ပါဝင်နေတာ တွေ့ရပါတယ်။ 

Photo Credit - R Zar Ni's Fb Page
Photo Credit - R Zar Ni's Fb Page
Photo Credit - R Zar Ni's Fb Page
Photo Credit - R Zar Ni's Fb Page

Rဇာနည်ကတော့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က တရားဝင်ထုတ်ပြန်လိုက်တဲ့ D Day နေ့နဲ့ ပတ်သက်ပြီး ပြည်သူတွေ လုပ်ဆောင်ရမယ့် လွဲမှားနေတဲ့လုပ်ဆောင်မှု အရာလေးတွေကို ပြောပြလာပါတယ်။ D Day နေ့ကို ကြေညာလိုက်ပေမယ့် ပြည်သူတွေအနေနဲ့ ကြောက်မနေဘဲ တတ်နိုင်သလောက် ပါဝင်ကူပေးကြဖို့၊ ရိက္ခာတွေကို အလုအယက်မဝယ်ဘဲ ဝေငှပေးကာ လိုအပ်လာရင် သူရဲကောင်းတွေကို ခိုနားခွင့်ပေးဖို့နဲ့ ငြူစူမနေဘဲ ဝိုင်းတွန်းရမှာဖြစ်တဲ့အကြောင်းတွေကို ပြောပြထားတာ ဖြစ်ပါတယ်။  

Photo Credit - R Zar Ni's Fb Page
Photo Credit - R Zar Ni's Fb Page

ကိုယ်တိုင်ကလည်း အင်တိုက်အားတိုက် အစွမ်းကုန်ကြိုးစားနေသလို အားလုံးဝိုင်းကူ ပါဝင်ပေးကြမှ အောင်မြင်မယ့် အရေးတော်ပုံကြီးနဲ့ ပတ်သက်ပြီး ပြည်သူတွေ ဖြစ်လေ့ဖြစ်ထရှိတတ်တဲ့ အလွဲလေးတွေကို Rဇာနည်က ဝေမျှသတိပေးလိုက်တာ ဖြစ်ပါတယ်။ ကြိုတင်ပြင်ဆင်မှုတွေနဲ့ နေထိုင်စောင့်ဆိုင်းရင်း ပြည်သူတွေလည်း သတိထားဆင်ခြင်မိကြမှာမို့ Rဇာနည်ရဲ့ အကြံပေးစကားလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Photo Credit - R Zar Ni's Fb Page
Photo Credit - R Zar Ni's Fb Page
Photo Credit - R Zar Ni's Fb Page
Photo Credit - R Zar Ni's Fb Page

သတင်း အရင်းအမြစ်R Zar Ni's Fb Page


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T