နောင်မွန်ဆေးရုံသို့သွားနေစဥ် ဗိုက်အရမ်းနာလာလို့ ကားပေါ်မှာပဲ ရင်သွေးငယ်လေးကို အောင်မြင်စွာမွေးဖွားနိုင်ခဲ့တဲ့ ကိုယ်ဝန်ဆောင်မိခင်တစ်ဦး

//s9.kh1.co/48/48499d83bfd1378c5d72719e6a3e81f30aa7a3bf.jpg
နေ့စဉ်သတင်းများ

 ၀၈-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

နောင်မွန်ဆေးရုံသို့သွားနေစဥ် ဗိုက်အရမ်းနာလာလို့ ကားပေါ်မှာပဲ ရင်သွေးငယ်လေးကို အောင်မြင်စွာမွေးဖွားနိုင်ခဲ့တဲ့ ကိုယ်ဝန်ဆောင်မိခင်တစ်ဦး

နိုင်ငံရေးအခြေအနေတွေ၊ကိုဗစ်ကပ်ရောဂါတွေကြောင့် ကျန်းမာရေးမကောင်းဖြစ်တဲ့ လူနာတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေဟာလည်း ဆေးကုသမှု ခံယူရာတွင် အခက်အခဲတွေ ရှိနေပါတယ်။ အချို့ဆေးရုံတွေဆိုရင် ရင်သွေးငယ်လေး မွေးဖွားဖို့ ရောက်ရှိလာတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေကို ကလေးမွေးဖွားပေးဖို့ ငြင်းဆန်မှုတွေလည်း ရှိနေပါတယ်။ ဆေးရုံက ကလေးမွေးဖွားမပေးတာကြောင့် အိမ်မှာပဲ လက်သည်နဲ့ မီးဖွားရင်း ကိုယ်ဝန်ဆောင်မိခင် သေဆုံးသွားတဲ့ စိတ်မကောင်းစရာအဖြစ်အပျက်လည်း ရှိနေခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

စက်တင်ဘာလ(၇)ရက်နေ့ မနေ့ညကတော့ ပရဟိတသမားတွေဟာ သီပေါမြို့တောင်မြို့ရပ်မှ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးကို နောင်မွန်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါတယ်။ညနက်ကြီးမှာ ယခုလိုသွားရောက်ပို့ဆောင်ပေးနေတုန်း ကိုယ်ဝန်ဆောင်မိခင်ဟာ ဗိုက်အရမ်းနာလာပြီး လူနာတင်ယာဥ်ပေါ်မှာပဲ သူရဲ့ရင်သွေးငယ်လေးကို မွေးဖွားခဲ့ပါတယ်။ ပရဟိတသမားတွေက အဆိုပါမွေးလူနာနဲ့ ​ကလေးငယ်လေးကို သီပေါဆေးရုံသို့ပြန်ခေါ်လာပြီး ချက်ကြိုးဖြတ်တာတွေနဲ့ ကျန်းမာရေးစောင့်ရှောက်တာတွေ ပြုလုပ်ပေးခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

မွေးဖွားလာတဲ့ ကလေးငယ်လေးဟာ မိန်းကလေးဖြစ်ပြီး ပရဟိတသမားတွေက သူတို့ရဲ့ကားပေါ်မှာ မွေးဖွားလာတဲ့ အဆိုပါကလေးငယ်လေးကို ပွေ့ချီကာ ချစ်ခင်နေကြပါတယ်။ ကိုယ်တိုင်ကူညီပေးခဲ့တဲ့ ပရဟိတသမားတစ်ဦးရဲ့ ရေးသားပြောဆိုချက်အရ မွေးလူနာရော၊ မွေးဖွားလာတဲ့ အဆိုပါကလေးငယ်လေးပါ ကျန်းမာရေးကောင်းမွန်တယ်လို့ သိရှိရပါတယ်။ ပရဟိတယာဥ်ပေါ်မှာပဲ မွေးဖွားလာပြီး လူ့လောကကြီးထဲကို အောင်မြင်စွာရောက်ရှိလာတဲ့ သီပေါမြို့က မွေးကင်းစ ကလေးငယ်လေးတစ်ဦးရဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

Source : Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T