မျှော်လင့်ထားတဲ့ရက်ရောက်လာပြီဖြစ်လို့ အဆင်သင့်ဖြစ်နေကြတဲ့ ရဲဘော်အချို့ရဲ့ပုံရိပ်ကိုထုတ်ဖော်ပြသလာတဲ့ GZခေါင်းဆောင်တစ်ဦး

//s9.kh1.co/bc/bc1881bd21e88ef80edf19a8819f7f3ece369408.jpg
နေ့စဉ်သတင်းများ

 ၀၈-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

ယမန်နေ့က  NUG ဒုသမ္မတ ဒူဝါလရှီးလက ပြည်သူ့တော်လှန်ရေးနေ့အဖြစ်ကြေညာပြီးနောက် နေရာအတော်များများမှာ ပစ်ခတ်မှုတွေဖြစ်ပေါ်နေပြီး တိုင်းရင်းသားဒေသတွေမှာလည်း EAOsတွေနဲ့ ထိစပ်တိုက်ပွဲတွေဖြစ်ပေါ်ကာ အခြေအနေတင်းမာနေတာကို တွေ့ရပါတယ်။ ပြည်သူမှာ ပြည်သူချင်းပဲရှိတာကြောင့် မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီရရှိရေးအတွက် ကြိုးပမ်းမှုဟာ အမြင့်ဆုံးကိုရောက်ရှိနေပြီး စစ်ရေးနည်းလမ်းနဲ့ပါ တိုက်ထုတ်လာကြတာဖြစ်ပါတယ်။

Photo credit-Ye Min Kyi's Facebook acc
Photo credit-Ye Min Kyi's Facebook acc

ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တွေနဲ့ EAOsတွေရဲ့ လက်တွဲမှုဟာလည်း အတော်လေးခရီးရောက်နေပြီး အာဏာရှင်တွေကို အဆုံးထိတိုက်ထုတ်ဖို့အတွက် စိတ်အားထက်သန်နေကြပြီဖြစ်ပါတယ်။ မြန်မာပြည်သူတစ်ရပ်လုံးကလည်း အခုလို D-Dayနေ့ကို စောင့်မျှော်နေကြတာဖြစ်ပြီး NUG အစိုးရဘက်ကနေကြေငြာလိုက်သည်နဲ့ တစ်ပြိုင်နက် ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်လာကြတာလည်း တွေ့ရပါတယ်။

Photo credit-Ye Min Kyi's Facebook acc
Photo credit-Ye Min Kyi's Facebook acc
Photo credit-Ye Min Kyi's Facebook acc
Photo credit-Ye Min Kyi's Facebook acc

မကြာသေးမီကလည်း တော်လှန်ရေးအတွက် လက်နက်အပြည့်အစုံနဲ့ ပြင်ဆင်ပြီးအဆင်သင့်ဖြစ်နေကြတဲ့ PDF ရဲဘော်တစ်ချို့ရဲ့ ပုံရိပ်တွေကိုလည်း လွတ်မြောက်နယ်မြေရောက် GZ ခေါင်းဆောင်တစ်ဦးက ပြသလာခဲ့ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo credit-Ye Min Kyi's Facebook acc
Photo credit-Ye Min Kyi's Facebook acc

သတင်း အရင်းအမြစ်Ye Min Kyi's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T