ပုလဲမြို့နယ်၊ နဂါးမတောင်က Mytel တာဝါတိုင်တစ်ခုကို မိုင်းခွဲပြီး ဖျက်ဆီးလိုက်တဲ့ ပြည်သူ့တော်လှန်ရေးတပ်မတော် (PRA)ရဲ့ ဗီဒီယိုဖိုင်

//s9.kh1.co/cd/cdc01ff4d095f7d14b2f3e0007e57db42f5da32c.jpg
နေ့စဉ်သတင်းများ

 ၀၈-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ပုလဲမြို့နယ်၊ နဂါးမတောင်က Mytel တာဝါတိုင်တစ်ခုကို မိုင်းခွဲပြီး ဖျက်ဆီးလိုက်တဲ့ ပြည်သူ့တော်လှန်ရေးတပ်မတော် (PRA)ရဲ့ ဗီဒီယိုဖိုင်

မြန်မာပြည်သူတွေကတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဖွဲ့စည်းပြီး ရန်သူကို တိုက်ခိုက်ချေမှုန်းဖို့အတွက် အပြင်းအထန် ပြင်ဆင်လေ့ကျင့်နေကြပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချို့ကတော့ တိုက်ပွဲတွေဆင်နွှဲနေသလို အချို့PDFတပ်ဖွဲ့တွေကလည်း စစ်ရေးပြင်းပြင်း ထန်ထန်လေ့ကျင့်နေကြပါတယ်။ NUGအစိုးရက နိုင်ငံတော်ကို အရေးပေါ်အခြေအနေအဖြစ် ကြေညာလိုက်အပြီးမှာ တိုက်ပွဲတွေလည်း ဖြစ်ပွားနေသလို အာဏာရှင်လူတစ်စုပိုင်ဆိုင်တဲ့ ဖုန်းတိုင်တွေဟာလည်း ဖျက်ဆီးခံနေရပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

မနေ့ကတော့ နိုင်ငံအနှံ့က mytelတာဝါတိုင်အချို့ မိုင်းခွဲဖျက်ဆီးခံလိုက်ရတဲ့ ဗီဒီယိုဖိုင်တွေ အများအပြား ထွက်ပေါ်လာခဲ့ပါတယ်။ စက်တင်ဘာလ (၇)ရက်နေ့ မနေ့ညကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊နဂါးမတောင်ရှိ Mytel တာဝါတိုင်တစ်ခု ဖျက်ဆီးခံခဲ့ရပါတယ်။ ပြည်သူ့ တော်လှန်ရေးတပ်မတော် (PRA)က နဂါးမတောင်ရှိ Mytelတာဝါတိုင်ကို မိုင်းခွဲပြီး တိုက်ခိုက်ဖျက်ဆီးခဲ့တာဖြစ်ကာ အဆိုပါမိုင်းခွဲခဲ့တဲ့ ဗီဒီယိုဖိုင်ဟာ လူမှုကွန်ယက်စာမျက်နှာထက်မှာ ထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

 မိုင်းခွဲလိုက်အပြီးမှာတော့ Mytelတာဝါတိုင်ဟာ တစ်ဖြည်းဖြည်းနဲ့ မီးလောင်ပျက်စီးသွားတာကို ဗီဒီယိုဖိုင်ထဲမှာ မြင်တွေ့ရပါတယ်။ ပြည်သူ့တော်လှန်ရေးတပ်မတော် (PRA)ကတော့ " စစ်ကိုင်းတိုင်း ,ပုလဲမြို့နယ် ,နဂါးမတောင်ရှိ စစ်ကောင်စီပိုင်သော Mytel တာဝါတိုင်ကို “ပြည်သူ့တော်လှန်ရေးတပ်မတော်” (PRA) မှ မိုင်းခွဲ ဖျက်ဆီးပစ်ခဲ့သည် "ဆိုပြီး ထုတ်ပြန်ထားခဲ့ပါတယ်။ (PRA)က နဂါးမတောင်ရှိ mytelတာဝါတိုင်တစ်ခုကို ညဘက်မှာ မိုင်းခွဲဖျက်ဆီးလိုက်တဲ့ ဗီဒီယိုဖိုင်ကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source :  Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T