ကားတစ်စီးလုံး ကြေမွပျက်စီးသွားတာတောင် လူသေဆုံးမှုမရှိခဲ့တဲ့ ဆိုးဆိုးဝါးဝါး ယာဥ်တိုက်မှုကြီးရဲ့ ရုပ်သံဖိုင်

//s9.kh1.co/e3/e3010550dbdc2642abbc9e145469b5f13dc38768.jpg
နေ့စဉ်သတင်းများ

 ၀၇-စက်-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

.

မလေးရှားနိုင်ငံ ကွာလာလမ်ပူ(KL)၊ ဂျလန်း အီပို့ (Jalan Ipoh)မှာ စက်တင်ဘာလ (၆) ရက်နေ့က မတော်တဆ ယာဥ်တိုက်မှုကြီးတစ်ခု ဆိုးဝါးစွာ ဖြစ်ပေါ်ခဲ့ပါတယ်။ ဖြစ်စဥ်မှာ Jalan Ipoh မီးပွိုင့်မှာ လော်ရီကားကြီးဟာ အရှိန်မထိန်းနိုင်ဘဲ အရှေ့က ကား(၇)စီးလောက် ဆင့်တိုက်ခဲ့တာ ဖြစ်ပါတယ်။ ပုံမှာမြင်တွေ့ရတာကတော့ လော်ရီကားကြီးရဲ့ တိုက်မှုကြောင့် အဝါရောင် Perodua Myvi ကားအပါအဝင် အခြားကားတွေလည်း ဆိုးဆိုးရွားရွား ပျက်စီးသွားခဲ့ပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

အဆိုပါဖြစ်ရပ်နဲ့ ပတ်သက်ပြီး ပြည်သူတစ်ဦးရဲ့" deshcam" မှတ်တမ်းတင် ဗီဒီယိုဖိုင်တစ်ခုဟာ ထွက်ပေါ်လာခဲ့ပါတယ်။ မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုများအရ စည်ကားလှတဲ့ လမ်းဆုံးမှာ ကားများဟာ မီးပွိုင့်ကို စောင့်ဆိုင်းနေရင်း အနောက်ကနေလာတဲ့ အဝါရောင် လော်ရီကားကြီးဟာ အရှိန်ပြင်းပြင်းနဲ့ ဝင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

ပထမဆုံးတိုက်မိတဲ့ အဝါရောင် Perodua Myvi ကားဟာ ဆိုးရွားစွာပျက်စီးသွားပေမယ့် အထဲက လူကတော့ ပိတ်မိသွားခဲ့ပါတယ်။ အနီးအနားက တွေ့ရှိသူတွေကတော့ အဆိုပါကားထဲက လူဟာ သေဆုံးသွားလောက်ပြီလို့ ထင်မှတ်ထားခဲ့ပေမယ့် ကယ်ဆယ်ရေးသမားတွေအရောက်မှာ အသက်ရှင်လျက်အတိုင်း ရှိနေခဲ့တယ်လို့ နိုင်ငံသတင်းများက ဖော်ပြချက်အရ သိရပါတယ်။

သတင်း အရင်းအမြစ်Source - Original Upload

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T