စောင့်မျှော်နေကြတဲ့ရက်ကိုရောက်လာပြီဖြစ်လို့ လိုအပ်နေတဲ့အရာကို မှာကြားလိုက်တဲ့မင်းမော်ကွန်း

//s9.kh1.co/94/947072168a6385b687113b26b21daafd7320d877.jpg
အနုပညာရှင်များ

 ၀၇-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

လတ်တလော မြန်မာနိုင်ငံရဲ့ ဒီမီုကရေစီအရေးမှာ အမှန်တရားကို လိုလားကြတဲ့ ပြည်သူတွေနဲ့အတူ အနုပညာရှင်များစွာကလည်း ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ ဒီလို ပြည်သူတွေနဲ့အတူ တစ်သားတည်း ပါဝင်လှုပ်ရှားတဲ့ အနုပညာရှင်တွေထဲမှာ သရုပ်ဆောင် မင်းမော်ကွန်းလည်း အပါအဝင်ပါပဲ။ မင်းမော်ကွန်းက လူထုလှုပ်ရှားမှုတွေမှာ အောင်မြင်မှုတွေကို ဘေးချိတ်ပြီး လူငယ်တွေရဲ့အနာဂတ်အိမ်မက်တွေ မပျောက်အောင် တာဝန်သိ ပြည်သူတစ်ယောက်အနဲ့ စိတ်အားထက်သန်စွာ ပါဝင်ခဲ့တဲ့အနုပညာရှင်တစ်ယောက်ပါ။

Photo credit-Kyaw Kyaw Htay Lwin's Facebook acc
Photo credit-Kyaw Kyaw Htay Lwin's Facebook acc
Photo credit-Kyaw Kyaw Htay Lwin's Facebook acc
Photo credit-Kyaw Kyaw Htay Lwin's Facebook acc

အခုလို ပါ၀င်ခဲ့တဲ့အတွက်လည်း မင်းမော်ကွန်းဟာ ၅၀၅(က)နဲ့အမှုဖွင့်အရေးယူခံထားရပြီး လက်ရှိမှာဆိုရင်လည်း လွတ်မြောက်နယ်မြေတစ်ခုကိုရောက်ရှိနေပြီး စစ်ရေးအတွက်ပြင်ဆင်နေတာဖြစ်ပါတယ်။ မိသားစုလိုက် လွတ်မြောက်နယ်မြေကိုရောက်ရှိနေတဲ့ မင်းမော်ကွန်းဟာ ပြည်သူပရိသတ်တွေအတွက်လည်း သတင်းအကြောင်းအရာတွေနဲ့ အားတက်စရာသတင်းတွေကို မျှဝေပေးလေ့ရှိသူပါ။

Photo credit-Kyaw Kyaw Htay Lwin's Facebook acc
Photo credit-Kyaw Kyaw Htay Lwin's Facebook acc

NUG ဒုသမ္မတ ဒူဝါလရှီးလက ပြည်သူ့တော်လှန်ရေးနေ့အဖြစ်ကြေညာပြီးနောက်မှာ စောင့်မျှော်နေကြတဲ့ ဒီဒေးကိုရောက်လာပြီဖြစ်လို့ ပြည်သူတွေအနေနဲ့ပူးပေါင်းကြဖို့နဲ့ ပြည်သူ့အားကို လိုအပ်ကြောင်း မင်းမော်ကွန်းက သူ့ရဲ့ Facebookစာမျက်နှာမှာ ရေးသားလာပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo credit-Kyaw Kyaw Htay Lwin's Facebook acc
Photo credit-Kyaw Kyaw Htay Lwin's Facebook acc

သတင်း အရင်းအမြစ်Kyaw Kyaw Htay Lwin's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T