အင်တာနက်ဖြတ်တောက်မှုတွေရှိလာပါက Radio NUGကို နားဆင်နိုင်မယ့်နည်းလမ်းတွေကို မျှဝေလာတဲ့ ပန်ဆယ်လို

//s9.kh1.co/03/03700c23c10ab883e579829f9c20653279029443.jpg
နေ့စဉ်သတင်းများ

 ၀၇-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

အရေးတော်ပုံကြီးအောင်မြင်ရေးမှာ ပြည်သူအားလုံးတတ်နိုင်တဲ့ဘက်ကနေ ပါ၀င်နေကြသလို အနုပညာရှင်တွေနဲ့ celeအချို့လည်း တက်ကြစွာပါ၀င်နေကြတာကို တွေ့ရပါတယ် ။ လူသိများတဲ့ celeတစ်ယောက်ဖြစ်တဲ့ ပန်ဆယ်လိုကလည်း အရေးတော်‌ပုံအောင်နိုင်ရေးမှာ တတ်နိုင်တဲ့ဘက်ကနေ ပါ၀င်နေတာဖြစ်ပြီး ဖမ်း၀ရမ်းထုတ်ခံထားရတဲ့သူလည်းဖြစ်ပါတယ်....။

Photo credit-Original Uploader
Photo credit-Original Uploader

ဒီကနေ့မှာဆိုရင်လည်း NUG ဒုသမ္မတ ဒူဝါလရှီးလက ပြည်သူ့တော်လှန်ရေးနေ့အဖြစ်ကြေညာပြီးနောက်မှာ စစ်ဆေးမှုတွေလည်းတင်းကြပ်လာပြီး တိုင်းရင်းသားဒေသတွေမှာလည်း တိုက်ပွဲတွေဖြစ်ပေါ်နေကာ တစ်ဖက်နဲ့တစ်ဖက်တင်းမာမှုတွေ ရှိလာနေတာတွေ့ရပါတယ်။ အခုလို အခြေအနေတင်းမာလာမှုတွေကြောင့် အင်တာနက်ဖြတ်တောက်မှု၊ ဖုန်းလိုင်းဖြတ်တောက်မှုတွေလည်း အချိန်မရွေးဖြစ်လာနိုင်ကြောင်းကို ပြည်သူတွေအနေနဲ့ သတိချပ်ကြဖို့လိုပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

အင်တာနက်ဖြတ်တောက်မှုတွေရှိလာပါက သတင်းစီးဆင်းမှုရပ်တန့်မသွားအောင် ပန်ဆယ်လိုက သူမရဲ့ Facebookစာမျက်နှာကနေတစ်ဆင့်  Radio NUGကိုနားဆင်နိုင်ရန် နည်းလမ်းမျှဝေလာပါတယ်။ အကြောင်းအရာအရ SW (short wave) Radio ဖြင့် အောက်ပါလိုင်းတွေမှာမနက် ၈နာရီ နှင့် ည ၈နာရီအချိန်တို့တွင် ဖမ်းယူနားဆင်နိုင်ပါတယ်။
25m 12 Mhz
16m 17.71 Mhz
19m 15.30 Mhz
25m 11.84 Mhz ဆိုပြီးဖြစ်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader

သတင်း အရင်းအမြစ်ပန်ဆယ်လို's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T