အာဖဂန်နစ်စတန်နိုင်ငံက ကာဘူးလ်လေဆိပ်မှာကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေစဥ်အတွင်း ISIS-K တို့ရဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် အမေရိကန်တပ်သား (၁၃)ယောက် အပါအဝင် အရပ်သားပြည်သူပေါင်း (၁၈၃) ဦးသေဆုံးခဲ့ပါတယ်။ ကျဆုံးသွားတဲ့ အမေရိကန်စစ်သား(၁၃)ယောက်မှာ အမျိုးသမီး (၂)ဦးပါဝင်ပြီး အသက် (၂၀) နှစ်အရွယ် တပ်သား(၅)ဦးလည်း ပါသွားခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီကျဆုံးတပ်သားတွေထဲမှာ (၃)ပတ်အလို ဖခင်လောင်း ဖြစ်တော့မယ့် အသက် (၂၀) အရွယ် Lance Rylee McCollum လည်း စိတ်မကောင်းစွာ ပါသွားခဲ့ပါတယ်။ McCollum ဟာ ၂၀၁၉ ခုနှစ်က Wyoming ရှိ Jackson Hole ကျောင်းမှဘွဲ့ရရှိခဲ့ပြီးနောက် အမေရိကန်မရိန်းတပ်ဖွဲ့သို့ မဝင်ခင်မှာ ဇနီးဖြစ်သူ Gigiနဲ့ လက်ထပ်ခဲ့တာ ဖြစ်ပါတယ်။ McCollum က တာဝန်ပြီးဆုံးချိန် အောက်တိုဘာလပိုင်းမှာ နေအိမ်ကို ပြန်ခွင့်ရမှာဖြစ်ပြီး ဂျော်ဒန်နိုင်ငံကနေတဆင့် အာဖဂန်နစ္စတန်သို့စေလွှတ်ခြင်းခံရတာ ဖြစ်ပါတယ်။
စိတ်မကောင်းစရာကတော့ အာဖဂန်နစ္စတန်ရဲ့ ကာဘူးလ်လေဆိပ်မှာ ကယ်ဆယ်ရေးတွေ လုပ်ဆောင်နေရင်း McCollum ဟာ ကျဆုံးသွားခဲ့ပါတယ်။ နိုင်ငံ့တာဝန်ကိုထမ်းဆောင်နေရင်း အသက်ပေးသွားတဲ့ McCollum ကို ဂုဏ်ပြုတဲ့အနေနဲ့ ကျန်ရစ်ခဲ့တဲ့ ဇနီးဖြစ်သူ Gigiနဲ့ မကြာခင်မွေးဖွားလာတော့မယ့် သူ့ရဲ့ရင်သွေးလေးအတွက် အိမ်တစ်လုံးဆောက်လုပ်ပေးပြီး အမြဲဂရုစိုက်ပါမယ်လို့ Frank Siller က ကတိပြုပေးခဲ့ပါတယ်။ McCollum ရဲ့ ဇနီးဖြစ်သူကတော့ ဒါကိုလက်မခံဘဲ သူမရဲ့ရင်သွေးကို ပြုစုပျိုးထောင်ဖို့အတွက် ထွက်ခွာသွားတယ်လို့ Daily Mail New ရဲ့ဖော်ပြချက်အရ သိရပါတယ်။
သတင်း အရင်းအမြစ်៖ Source - Daily Mail News