အလုအယက်ဈေး၀ယ်နေကြတဲ့သူတွေများလာပြီး လူလူချင်းမစာနာကြတာကြောင့်သူ့ရဲ့ ခံစားချက်တွေကို ဖွင့်ဟလာတဲ့ စူးရှထက်

//s9.kh1.co/75/753b8817ae205cd88447915f3e2583ac1bb7cc64.jpg
အနုပညာရှင်များ

 ၀၇-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

မော်ဒယ်လ်သရုပ်ဆောင်အဖြစ် ပရိသတ်တွေအားပေးလက်ခံကြတဲ့ စူးရှထက်ကတော့ လက်ရှိအခြေအနေတွေမှာ ပြည်သူတစ်ယောက်အနေနဲ့ တတ်နိုင်တဲ့ဘက်ကနေ အားလုံးနဲ့အတူရပ်တည်ကာ လှုပ်ရှားမှုတွေ ပြုလုပ်နေသူပဲ ဖြစ်ပါတယ်။ လမ်းပေါ်ထွက်လှုပ်ရှားမှုတွေနဲ့ လှူဒါန်းမှုတွေမှာပါ အဖက်ဖက်ကနေ ပြည်သူတွေနဲ့အတူ ပါဝင်အားဖြည့်နေတဲ့ စူးရှထက်ကတော့ ငွေကြေးတွေအပြင် ငွေအင်အားလူအင်အားနဲ့ အင်တိုက်အားတိုက်ပါဝင်နေတာကိုတွေ့ရပါတယ်။

Photo credit-​ Zar Chi Htay's Facebook acc
Photo credit-​ Zar Chi Htay's Facebook acc
Photo credit-​ Zar Chi Htay's Facebook acc
Photo credit-​ Zar Chi Htay's Facebook acc

ဒီကနေ့မှာဆိုရင်လည်း NUG ဒုသမ္မတ ဒူဝါလရှီးလက ပြည်သူ့တော်လှန်ရေးနေ့အဖြစ်ကြေညာပြီးနောက်မှာ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ပြင်ဆင်မှုတွေပြုလုပ်လာကြတာကို တွေ့ရပါတယ်။ စိုးရိမ်မှုတွေများလာတာကြောင့် ရိက္ခာတွေစုဆောင်းပြီး ဈေး၀ယ်စင်တာတွေမှာလည်း လူတွေအများအပြား အလုအယက်၀ယ်နေကြပြီး ကုန်ဈေးနှုန်းတွေပါ ချက်ချင်းမြင့်တက်လာတာလည်း တွေ့ရပါတယ်။

Photo credit-​ Zar Chi Htay's Facebook acc
Photo credit-​ Zar Chi Htay's Facebook acc

အလုအယက်၀ယ်ကြတာကြောင့် ကုန်ဈေးနှုန်းမြင့်တက်လာပြီး အခြေခံလူတန်းစားတွေအနေနဲ့ အခက်အခဲတွေရှိလာတာကြောင့် စူးရှထက်ဟာ အဆင်မပြေတဲ့သူတွေအတွက် စိတ်ပူမိကြောင်းဖွင့်ဟလာပါတယ်။ ခေတ်ပျက်ကြီးထဲမှာ လူလူချင် စာနာပေးကြဖို့ကိုလည်းစူးရှထက်က ပြောလာခဲ့ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo credit-​ Zar Chi Htay's Facebook acc
Photo credit-​ Zar Chi Htay's Facebook acc
Photo credit-​ Zar Chi Htay's Facebook acc
Photo credit-​ Zar Chi Htay's Facebook acc

သတင်း အရင်းအမြစ်Zar Chi Htay's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T