ပြည်သူချစ် အနုပညာရှင်တစ်ဦးဖြစ်တဲ့ ဟာသလူရွှင်တော်ကြီး ဦးချစ်စရာကတော့ လက်ရှိမှာဆိုရင် ကျန်းမာရေးအားနည်းတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ အသက်အရွယ်ရလာပြီဖြစ်တဲ့ ဦးချစ်စရာက ဆီးချိုရောဂါနဲ့ နှလုံးရောဂါကို ခံစားနေရတာ ဖြစ်ပါတယ် ။ ဒါ့အပြင် ဦးချစ်စရာက နားသိပ်မကြားရတော့သလို မျက်လုံးမှုန်နေတဲ့ အခြေအနေနဲ့လည်း ကြုံတွေ့နေရတာဖြစ်ပါတယ် ။
ဒီရက်ပိုင်းမှာတော့ ဦးချစ်စရာအနေနဲ့ အရေးပေါ် အောက်ဆီဂျင်ရှူဖို့ လိုအပ်နေတာကြောင့် ဝေဠုကျော်တို့ဖောင်ဒေးရှင်းက ကူညီဆောင်ရွက်ပေးနေရတာ ဖြစ်ပါတယ် ။ ဒါပေမဲ့လည်း ဦးချစ်စရာရဲ့ကျန်းမာရေးအခြေအနေက ပိုမိုဆိုးရွားလာတာကြောင့် ကိုဗစ်လို့ထင်ခဲ့ပေမယ့် Test Kit နဲ့စစ်ဆေးကြည့်တော့မှ Negative ဖြစ်နေကြောင်း မိသားစုတွေဆီက သိရတာပဲ ဖြစ်ပါတယ် ။ ဒါကြောင့် ဆေးကုသဖို့လိုအပ်နေတဲ့ သရုပ်ဆောင်ဦးချစ်စရာကို ဆေးရုံတင်ဖို့အတွက် ဝေဠုကျော်တို့ဖောင်ဒေးရှင်းကပဲ တာဝန်ယူဆောင်ရွက်ပေးခဲ့ရတာ ဖြစ်ပါတယ် ။
ဝေဠုကျော်က ဦးချစ်စရာဆီကို သူကိုယ်တိုင်လာရောက်တွေ့ဆုံပြီး ဆေးရုံတက်ဖို့ကိစ္စအတွက် အစစအရာရာ စီစဥ်ပေးခဲ့တာ ဖြစ်ပါတယ် ။ ဆေးရုံတက်ရန်ခက်ခဲတဲ့ ဒီလိုကာလမှာတော့ ဆေးရုံတွေမှာ ဝန်နဲ့အားမမျှလို့ ကုတင်တွေပြည့်နေပေမယ့် ဝေဠုကျော်က ဦးချစ်စရာဆေးရုံတက်နိုင်ဖို့အရေးကို သူကိုယ်တိုင်ကူညီခဲ့တာ ဖြစ်ပါတယ် ။ ဟာသလူရွှင်တော်ကြီး ဦးချစ်စရာကို ဆေးရုံတင်ဖို့အတွက် အစစအရာရာ ကူညီပေးခဲ့တဲ့ ဝေဠုကျော်တို့ဖောင်ဒေးရှင်းရဲ့ပုံရိပ်တွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
Source & Photo Credit-Wai Lu Kyaw's FB Page