လက်ရှိဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေများနဲ့ပတ်သက်ပြီး သူ့ရဲ့ခံယူချက်တစ်ချို့ကို ပြတ်သားစွာပြောပြလာတဲ့ မေဦး

//s9.kh1.co/49/49e1484ec54a111155eba555d603c3742b7d5c49.jpeg
အနုပညာရှင်များ

 ၀၇-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

မေဦးကတော့ လက်ရှိမှာ လွတ်မြောက်နယ်မြေတစ်နေရာတွင် တော်လှန်ရေးအတွက် ကြိုးစားလုပ်ဆောင်ပေးနေသူတစ်ဦး ဖြစ်ပါတယ်။ လက်ရှိဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေများနဲ့ပတ်သက်ပြီး သူ့ရဲ့ခံယူချက်တစ်ချို့ကိုလည်း အမြဲရေးသားဝေမျှပေးနေတာ ဖြစ်ပါတယ်။ မကြာသေးခင်ရက်ပိုင်းလောက်က မေဦးရဲ့လူမှုကွန်ယက်တွင် ရွေးချယ်တဲ့လမ်းအတိုင်း လျှောက်လှမ်းမှာဖြစ်တဲ့အတွက် ဖြစ်လာသမျှ ရင်ဆိုင်သွားမှာဖြစ်တဲ့အကြောင်း ဖွင့်ဟပြောပြလာတာ ဖြစ်ပါတယ်။

Photo Crd-May Oo’s Facebook Account 
Photo Crd-May Oo’s Facebook Account 
Photo Crd-May Oo’s Facebook Account 
Photo Crd-May Oo’s Facebook Account 

မေဦးဟာ make-up artist ဘဝကို နှစ်သက်မြတ်နိုးလွန်းတဲ့အတွက် ရွေးချယ်လုပ်ကိုင်ခဲ့တာဖြစ်ပြီး ဒီအလုပ်ကြောင့်ဘဝမှာပျော်ရွှင်ခဲ့ရတဲ့အခိုက်အတန့်တွေရှိခဲ့တာတွေကို ပြန်လည်သတိရနေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူကိုယ်တိုင်လျှောက်လှမ်းဖို့ ရွေးချယ်ထားတဲ့ လမ်းမှာတွေ့ကြုံရမယ့်အရာတွေအပေါ်မူတည်ပြီး မိတ်ကပ်ဖန်တီးရှင်တစ်ယောက်အဖြစ် ပြန်လည်လုပ်ကိုင်ဖို့ စဉ်းစားသွားမှာ ဖြစ်ကြောင်း ပရိသတ်တွေကို အသိပေးထားတာ ဖြစ်ပါတယ်။အဆိုးအကောင်းမှန်သမျှ ပြည်သူတွေနဲ့အတူ မျှဝေခံစားဖို့ ဆုံးဖြတ်ထားကြောင်းလည်း ရေးသားထားပါတယ်။

Photo Crd-May Oo’s Facebook Account 
Photo Crd-May Oo’s Facebook Account 
Photo Crd-May Oo’s Facebook Account 
Photo Crd-May Oo’s Facebook Account 

ဖယောင်းလမ်းကို စွန့်လွှတ်ပြီး ခရောင်းလမ်းကို ရွေးချယ်သွားတဲ့ မေဦးကတော့ သူ့ရဲ့ ပြတ်သားလှတဲ့ဆုံးဖြတ်ချက်တွေကို ပွင့်လင်းစွာ ပြောပြလာခဲ့ပြီ ဖြစ်ပါတယ်။ပြည်သူတွေကလည်း အခက်အခဲတွေကြားထဲကနေအခုချိန်ထိ အမှန်တရားဘက်ကနေ ရပ်တည်ပေးနေတဲ့ မေဦးရဲ့ ရဲရင့်သတ္တိရှိမှုတွေကို လေးစားဂုဏ်ယူနေကြတာဖြစ်ပါတယ်။ ဓမ္မဘက်ကနေ ရပ်တည်ပေးကြသူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းပြီး တိုက်ပွဲတိုင်း အောင်နိုင်ကြပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-May Oo’s Facebook Account 

Photo Crd-May Oo’s Facebook Account 
Photo Crd-May Oo’s Facebook Account 
Photo Crd-May Oo’s Facebook Account 
Photo Crd-May Oo’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T