D Day စတင် ကြေညာလိုက်တဲ့ နေ့မှာပဲ KNU တပ်မဟာ (၄) နဲ့ အာဏာရှင်လူတစ်စုတို့ စတင်ပစ်ခတ်မှု ဖြစ်ပွားနေတဲ့ လက်ရှိ အခြေအနေ

//s9.kh1.co/9b/9bf152e7f1bb6d0fce51f53b5c17d32625b7989e.jpeg
နေ့စဉ်သတင်းများ

 ၀၇-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

......

ပြည်သူတွေကတော့ အာဏရှင် လူတစ်စုရဲ့ အုပ်ချုပ်ရေးအောက်မှာ မနေချင်တာကြောင့် ရရာနည်းလမ်းတွေကို အသုံးပြုပြီး အစွမ်းကုန် ဆန့်ကျင်နေကြတာပါ ။ စိတ်အားထက်သန်တဲ့  လူငယ်တွေကတော့ ခုနောက်ပိုင်းမှာ လွတ်မြောက်နယ်မြေ ဒေသတွေကို သွားရောက်ကာ တိုင်းရင်းသား လက်နက်ကိုင် တပ်တွေရဲ့ သင်ကြားပြသပေးမှုဖြင့် စစ်ပညာများကို နည်းစနစ်တကျ သင်ယူနေတာကိုလည်း တွေ့ရပါတယ်။

Photo Credit : Original Uploader 
Photo Credit : Original Uploader 

တိုင်းရင်းသား ရဲဘော်တွေက လည်း အစွမ်းကုန် သင်ကြားပေးကြသလို သူတို့ကိုယ်တိုင်လည်း ရှေ့ကနေဦးဆောင်ကာ ခုခံတိုက်ခိုက်ပေးခဲ့ကြတာပါ ။အသက်ကို ပဓာန မထားကြဘဲ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို ကာကွယ်ပေးနေကြတဲ့ တိုင်းရင်းသား ရဲဘော်တွေနဲ့ PDFလူငယ်တွေကို ပြည်သူများက ချီးကျူးနေကြတာ ဖြစ်ပါတယ်   ။ တိုက်ပွဲများတွင်လည်း  အထိအခိုက် ကျဆုံးမှုနည်းအောင် တိုက်ခိုက်ချေမှုန်းနေကြတာကို မြင်တွေ့ရတာ ပြည်သူတွေအတွက် အားတက်စရာကောင်းလှပါတယ်။

Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 

ဒီနေ့ စက်တင်ဘာလ (၇) ရက်နေ့မှာလည်း D Day ကိုစတင် ကြေညာ လိုက်သလို တစ်ပြိုင်တည်းမှာပဲ KNU တပ်မဟာ (၄) နဲ့ အာဏာရှင်လူတစ်စုတို့ ထိတွေ့မှု ဖြစ်ပွားကာ စတင်ပစ်ခတ်နေကြတယ်လို့ သိရပါတယ် ။ ခဲကျေးရွာနဲ့ ပိန္နဲတောင်နယ်စပ်အကြားမှာ ပစ်ခတ်နေပြီး လောင်ဂျာ ဗုံးသီးတွေနဲ့ပါ တိုက်ခတ်နေတယ်လို့ သိရပါတယ် ။ ပြည်သူတွေကတော့ KNU ရဲဘော်တွေ အန္တရာယ်ကင်းကင်းနဲ့ အနိုင်ရဖို့ ဆုတောင်းပေးနေကြပါတာ တွေ့ရပါတယ် ။ ပရိသတ်ကြီးအတွက် ဒီသတင်းလေးကို ဝေမျှပေးရင်း အားလုံးဘေးကင်းကြပါစေ ဆု​တောင်းပေးလိုက်ပါတယ် ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T