ကျူးရပ်ကွက်ထဲက ချို့တဲ့နေတဲ့ မိသားစုတွေအတွက် ရက်အနည်းငယ်မျှ စိတ်အေးချမ်းသာအောင် ကြည်နူးဖွယ် လှူဒါန်းမှုတစ်ခု ပြုလုပ်ခဲ့တဲ့ ဝေဠုကျော်

//s9.kh1.co/e1/e1664229d2b8231e6dcd61ea0ee5e651b0af6c8b.jpg
အနုပညာရှင်များ

 ၀၇-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင် ဝေဠုကျော်ကတော့ ကိုဗစ်ရောဂါ ကူးစက်မှုမြင့်တက်နေတဲ့ ကာလတွေမှာ ပြည်သူတွေလိုအပ်တဲ့ အောက်ဆီဂျင်များ လူဒါန်းပေးခဲ့သလို တတ်နိုင်တဲ့ဘက်ကနေလည်း ကူညီပံ့ပိုးမှုတွေ လုပ်ဆောင်ပေးခဲ့ပါတယ်။ ဒါ့အပြင် လတ်တလောကာလတွေမှာ အကြောင်းအမျိုးမျိုးကြောင့် စားဝတ်နေရေးအတွက် ခက်ခဲနေကြတဲ့ မိသားစုတွေကိုလည်း လိုအပ်နေတာတွေကို ကူညီလှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။

PhotoCredit - Wai Lu Kyaw
PhotoCredit - Wai Lu Kyaw
PhotoCredit - Wai Lu Kyaw
PhotoCredit - Wai Lu Kyaw
PhotoCredit - Wai Lu Kyaw
PhotoCredit - Wai Lu Kyaw

ယခုမှာလည်း ဝေဠုကျော်က ပရိသတ်တွေ ကြည်နူးပီတိ ဖြစ်စေမယ့် ဝမ်းမြောက်ဖွယ်လှူဒါန်းမှုတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ဒါကတော့ တောင်ဥက္ကလာမြို့နယ် အတွင်းရှိ ကျူးကျော်ရပ်ကွက်ထဲမှာ နေထိုင်ကြတဲ့ မိသားစုတွေကို အသင်းအဖွဲ့သားတွေနဲ့အတူ သွားရောက် လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ကျူးကျော်ရပ်ကွက်ထဲမှာ နေထိုင်ကြတဲ့ ပြည်သူတွေဟာ ပလုံကောက်ပြီး ဝမ်းရေးအတွက် ဖြေရှင်းနေကြတာ ဖြစ်ပါတယ်။

PhotoCredit - Wai Lu Kyaw
PhotoCredit - Wai Lu Kyaw
PhotoCredit - Wai Lu Kyaw
PhotoCredit - Wai Lu Kyaw
PhotoCredit - Wai Lu Kyaw
PhotoCredit - Wai Lu Kyaw

ဝေဠုကျော်ကတော့ အမှန်တကယ်လိုအပ်နေတဲ့ မိသားစု (၃၀) ကို ရွေးချယ်ပြီး တစ်အိမ်ထောင်လျှင် ဆန် (၃)ပြည် ၊ ဆီ(၅၀)သား ၊ကြက်ဥ (၁၀) လုံး ၊ Mask (50) အဝတ်ထုပ် တစ်ထုပ်စီ မျှဝေလှူဒါန်းပေးခဲ့ကြောင်း သိရပါတယ်။ အရင်ကလည်း ဝေဠုကျော်တို့က ဒီကျူးကျော်ရပ်ကွက်ထဲမှာ ပြိုလဲတော့မယ့် အိမ်တွေကို ဖျက်ပြီး အိမ်သစ် (၁၀)လုံးလောက် ဆောက်လုပ်လှူဒါန်းပေးခဲ့တဲ့ နေရာပဲဖြစ်ပါတယ်။ ယခုမှာလည်း လိုအပ်တဲ့ သူတွေအတွက် စားသောက်စရာများ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းပေးတာကတော့ တကယ့်ကို ကြည်နူးဝမ်းမြောက်ရပါတယ်။

သတင်း အရင်းအမြစ်Source - Wai Lu Kyaw

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T