ဒီကနေ့ စက်တင်ဘာလ(၇)ရက်နေ့မှာဆိုရင်တော့ D Day က်ို စတင်ပြီဖြစ်ကြောင်း ကြေညာလိုက်တဲ့အတွက် ပြည်သူတွေက စိတ်လှုပ်ရှားနေကြတာ ဖြစ်ပါတယ်။ PDF လူငယ်လေးတွေအနေနဲ့လည်း D Day နေ့အတွက် တောထဲမှာ အခက်အခဲများစွာကို ရင်ဆိုင်ဖြတ်ကျော်ကာ ကြိုတင်လေ့ကျင့်မှုတွေနဲ့ ပြင်ဆင်မှုတွေ ပြုလုပ်ပြီး အစွမ်းကုန်ကြိုးစားခဲ့ကြတာလည်း တွေ့ရပါတယ်။
တော်လှန်ရေးအတွက် အလူးအလဲကြိုးစားလေ့ကျင့်နေတဲ့ PDF လူငယ်လေးတွေရဲ့ သင်တန်းပုံရိပ်လေးတွေကိုလည်း ပြည်သူတွေအတွက် ဝေမျှပေးချင်ပါတယ်နော်။
မိဘအိမ်မှာ နုနုနယ်နယ် နေထိုင်လာခဲ့တဲ့ ခေတ်လူငယ်လေးဟာ အခုဆိုရင် တောထဲမှာ မိုးထဲလေထဲ ရွှံ့ရေတွေထဲကြမ်းကြမ်းတမ်းတမ်း အပင်ပန်းခံကာ အစွမ်းကုန် ကြိုးစားနေကြတာကို တွေ့မြင်ရမှာပါနော်။
"ဘာလုပ်နေလဲ.....လေ့ကျင့်နေတယ်
ဘာလုပ်ဖို့လဲ.......ကြံ့ခိုင်းစေဖို့
ဘယ်သူ့အတွက်လဲ......ပြည်သူ့အတွက်
အရေးတော်ပုံအောင်ရမည်" ဆိုတဲ့ ကြွေးကြော်သံတွေနဲ့အတူ ပြည်သူတွေအတွက် အခုလို ကြိုးစားရုန်းကန်နေကြရတဲ့ လူငယ်လေးတွေဟာ ရှေ့တန်းမှာလည်း အသက်ပေးစတေးဖို့ ဝန်မလေးပဲ အာဏာရှင်ကို အမြစ်ဖြုတ်တော်လှန်နေတာ ဖြစ်ပါတယ်။
အားလုံးမျှော်လင့်နေကြတဲ့ D Day နေ့ရောက်ရှိလာတဲ့အချိန်မှာ ပြည်သူတွေအားလုံး သတိဝိရိယရှိရှိ နေထိုင်ကြဖို့နဲ့ အရေးတော်ပုံကြီးမှာ တတ်နိုင်တဲ့ဘက်ကနေ ကြိုးစားပါဝင်ပေးကြဖို့ကိုလည်း တိုက်တွန်းထားပါသေးတယ်..။
သတင်း အရင်းအမြစ်៖ Aung Ling's Fb Acc