D-Day ကြေညာလိုက်တာကြောင့် ကြုံတဲ့နေရာကနေ တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း ပြည်သူတွေကိုအသိပေးလိုက်တဲ့ PDF ရဲဘော်တစ်ဦး

//s9.kh1.co/36/3636250696ad4d8b7583a1eda6df9e921ab7d9d3.jpeg
နေ့စဉ်သတင်းများ

 ၀၇-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က မကြာသေးခင် နာရီပိုင်းလောက်က ဒီနေ့ကို D-Day အဖြစ် သတ်မှတ်လိုက်ကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။ လွတ်မြောက်နယ်မြေတွင် ရောက်ရှိနေကြတဲ့ PDF ရဲဘော်တွေကလည်းအားလုံးမျှော်လင့်စောင့်စားနေတဲ့နေ့ရက်ရောက်လာပြီဖြစ်တဲ့အတွက် ဝမ်းသာနေကြတာ ဖြစ်ပါတယ်။ PDF ရဲဘော်လေးတစ်ဦးရဲ့ လူမှုကွန်ယက်တွင် ရန်သူတွေကို ရောက်ရာအရပ်ကနေ တိုက်စစ်ဆင်ဖို့ အဓိကလိုအပ်နေတဲ့အရာတစ်ခုအား ဖွင့်ပြပြောပြလာတာ ဖြစ်ပါတယ်။

Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 

NUG အစိုးရမှ D-Day ကြေညာလိုက်ပြီဖြစ်တဲ့အတွက် သူတို့အားလုံးကြုံတဲ့နေရာကနေ ရှိတဲ့လက်နက်နဲ့ တိုက်ပွဲဝင်သွားကြမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျည်ဆံတွေများစွာလိုအပ်နေပြီး ပြည်သူတွေအားလုံး တတ်နိုင်သလောက်ကူညီလှူဒါန်းပေးကြဖို့ အကူညီတောင်းခံလာတာ ဖြစ်ပါတယ်။  တစ်ချို့ရဲဘော်လေးတွေဟာ  အစိုးရနဲ့ ချိတ်ဆက်ဖို့ ကြိုးစားနေပေမယ့်လည်းအခုထက်ထိ ထောက်ပံ့မှုတွေမရသေးဘဲ ကိုယ်ထူကိုယ်ထ လုပ်ဆောင်နေကြရတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ရန်သူနဲ့ ထိပ်တိုက်ရင်ဆိုင်ရတဲ့အခါ ရှိတာလေးနဲ့ အသေခံပြီး တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်းကိုလည်း ရေးသားထားတာ ဖြစ်ပါတယ်။

Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 

တရားသောစစ် မုချအောင်မြင်တော့မှာဖြစ်တဲ့အတွက် အစစအရာရာ ဂရုစိုက်ကြဖို့ ပြည်သူတွေအားလုံးက PDF ရဲဘော်လေးတွေကို comment များရေးသားပြီး မှာနေကြတာ ဖြစ်ပါတယ်။ လွတ်မြောက်နယ်မြေမှ ရဲဘော်တွေလိုအပ်နေတာတွေကို ကူညီပေးကြဖို့ ပြည်သူတွေအားလုံးက တတ်နိုင်သလောက် ဝိုင်းဝန်းလုပ်ဆောင်နေကြပြီ ဖြစ်ပါတယ်။ မကြာခင်မှာ အရေးတော်ပုံအောင်မြင်တော့မှာဖြစ်တဲ့အတွက် ကိုယ်တတ်နိုင်တဲ့ဘက်ကနေ အားဖြည့်ပေးကြဖို့ ပြောကြားရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Original Uploader 

Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T