လှူဒါန်းထားတဲ့ စားနပ်ရိက္ခာတွေ စစ်ဘေးရှောင်စခန်းကို ရောက်ဖို့ ခက်ခဲတဲ့ လမ်းခရီးတွေကို အဆင့်ဆင့် ဖြတ်သန်းကာ ပို့ဆောင်နေကြရတဲ့ စေတနာ့ဝန်ထမ်းများ

//s9.kh1.co/25/25665f1466a9279280857023e316f798bc010af1.jpeg
နေ့စဉ်သတင်းများ

 ၀၇-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.....

မြန်မာပြည်သူ ပြည်သားတွေကတော့ စည်းစည်းလုံးလုံးလည်း ရှိကြသလို သူတစ်ပါးကို ကူညီဖို့ ဆိုရင်လည်း ကိုယ့်သုံးစွဲမယ့် အထဲက နည်းသည် များသည် သဘော မထားဘဲ ရက်ရက်ရောရော လှူဒါန်းကြသူတွေပါ ။ အွန်လိုင်းမှာဆိုရင်လည်း အလှူပို့စ်တစ်ခု တင်လိုက်တာနဲ့ ဝိုင်းဝန်း လှူဒါန်းကြတာ တကယ်ကို ပီတိဖြစ်စရာပါပဲနော် ။ ကိုယ့် ရဲ့ အလှူလေးတစ်ခုကြောင့် အခက်အခဲ ဖြစ်နေသူတွေ အဆင်ပြေသွားကြတာလည်း ဘာနဲ့ မှ တန်ဖိုး ဖြတ်မရတဲ့ ပီတိတစ်ခုပါပဲ ။

Photo Credit : Clean Yangon Facebook Page 
Photo Credit : Clean Yangon Facebook Page 

လက်ရှိမှာ ဆိုရင်လည်း မြန်မာနိုင်ငံရဲ့ တောင်တန်းဒေသတွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ရှောင်တိမ်းနေရတဲ့ ဒေသခံတွေကို ပြည်သူအားလုံးက စုပေါင်းပြီး လိုအပ်တာ အဝဝကို စုပေါင်း လှူဒါန်းပေးလျက်ရှိပါတယ် ။ ရေဆိုလည်း သန့်သန့်ရှင်းရှင်းသောက်သုံးရအောင် ရေသန့်စက်တွေပါ ပေးပို့ လှူဒါန်းပေးကြသည် အထိ အသေးစိတ် ပြုလုပ်ပေးနေကြတာပါ ။ ဒီလို အင်တိုက်အားတိုက် လှူဒါန်းကြသလို စစ်ဘေးရှောင်တွေဆီကို ရောက်အောင်လည်း လူငယ်လေးတွေက လမ်းခရီးကြမ်းတွေ ၊ အစစ်ဆေး တွေကို ခက်ခဲစွာ အရဲစွန့် ဖြတ်ကျော်ပြီး သွားရောက် ပို့ဆောင် လှူဒါန်းပေးကြရတာ ဖြစ်ပါတယ်  ။

Photo Credit : Clean Yangon Facebook Page 
Photo Credit : Clean Yangon Facebook Page 
Photo Credit : Clean Yangon Facebook Page 
Photo Credit : Clean Yangon Facebook Page 

အခုလည်း ပရဟိတ လူငယ်လေးတွေခမျာ စစ်ဘေးရှောင်တွေဆီကို စားနပ်ရိက္ခာနဲ့ လိုအပ်တဲ့ နေထိုင်စရာ အမိုးအကာ ၊ပစ္စည်း အစုံအလင် များစွာကို ဆိုင်ကယ်နဲ့တစ်မျိုး ၊ ကားနဲ့တစ်ဖုံ တောင်တက် တောင်ဆင်း လမ်းတွေကို ခက်ခက်ခဲခဲ ပို့ဆောင်ရပုံတွေကို ဖော်ပြလာပါတယ် ။ တောင်တက်လမ်းမှာ မိုးရွာထားတော့ ရွှံ့တွေအပြည့်နဲ့ ကားဆက်သွားလို့ မရတာကြောင့် တွန်းပြီး ကြိုးစားသွားနေရတဲ့ ပုံရိပ်တွေက ရင်ထဲ ထိမှန်စေတာ အမှန်ပါပဲ ။ ပရိသတ်ကြီးအတွက် ဒီသတင်းလေးကို ဝေမျှပေးရင်း အားလုံး အဆင်ပြေကြပါစေ ဆုတောင်းပေးလိုက်ပါတယ် ။

Source & Photo Credit : Clean Yangon Facebook Page 
Source & Photo Credit : Clean Yangon Facebook Page 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T