တော်လှန်ရေးကြီးအတွက် ကြိုးစားပြင်ဆင်ပြီး ပြည်သူ့အောင်ပွဲကို ယူဆောင်လာတော့မယ့် တန့်ဆည်က Area-21 အပတ်စဉ် (၃)ရဲ့ သင်တန်းဆင်း ဗီဒီယို

//s9.kh1.co/8f/8fb0e68d67cef73ab23e5cd84ee0e014f276d857.jpg
နေ့စဉ်သတင်းများ

 ၀၇-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

GZလူငယ်တွေကတော့ ဒီမိုကရေစီပြန်ရဖို့ အာဏာရှင်လူတစ်စုကို ယနေ့အချိန်ထိ ရတဲ့နည်းလမ်းတွေနဲ့ ဆန့်ကျင်နေကြသလို တော်လှန်ရေးကြီး အောင်မြင်ဖို့အတွက် လွတ်မြောက်နယ်မြေတွေမှာ သွားရောက်ပြီး စစ်ပညာကို ပင်ပင်ပန်းပန်းနဲ့ သင်ယူနေကြတာကိုတွေ့ရပါတယ်။ စိတ်အားထက်သန်တဲ့ PDF ရဲဘော်လေးတွေကလည်း တိုင်းရင်းသားတပ်မတော်တွေနဲ့ အတူလက်တွဲပြီး အခက်အခဲတွေကြားထဲကနေ စစ်ရေးအတွက် အကောင်းဆုံးကြိုးစား ပြင်ဆင်နေကြတာဖြစ်ပါတယ်။

Photo Credit - Area-21
Photo Credit - Area-21
Photo Credit - Area-21
Photo Credit - Area-21

PDF ရဲဘော်တွေဟာ လွတ်မြောက်နယ်မြေတွေကနေ အပတ်စဥ် သင်တန်းများဆင်းလာရင်လည်း တတ်မြောက်ထားတဲ့ ပညာရပ်တွေနဲ့ မြို့ပြတွေမှာ ပြောက်ကျားစနစ်ဖြင့် အာဏာရှင်တွေကို တိုက်ခိုက်နေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်သူတွေကလည်း တတ်နိုင်တဲ့ဘက်ကနေ PDF တွေနဲ့အတူ ပူးပေါင်းပါဝင်ခဲ့ကြတာ တွေ့ရပါတယ်။ ယခုမှာလည်း စတင်ဘာလ (၆)ရက်နေ့က လွတ်မြောက်နယ်မြေတစ်ခုမှာ PDF ရဲဘော်တွေရဲ့ သင်တန်းဆင်းခဲ့တဲ့ ဗီဒီယိုဖိုင်လေးတစ်ခု ပျံံ့နှံ့လာခဲ့ပါတယ်။

Photo Credit - Area-21
Photo Credit - Area-21
Photo Credit - Area-21
Photo Credit - Area-21

ဒါကတော့ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်က အာဏာရှင်စနစ် အမြစ်ပြတ်ဖြုတ်ချနိုင်ပြီး စစ်မှန်သော ဒီမိုကရေစီရရှိနိုင်ရန်အတွက် အဆုံးထိ တိုက်ပွဲဝင်ကြမည့် Area-21 ရဲ့အပတ်စဉ် (၃) သင်တန်းဆင်း ရဲဘော်တွေပဲ ဖြစ်ပါတယ်။ ဒီဗီဒီယိုထဲမှာတော့ တော်လှန်ရေး ရဲဘော်တွေဟာ အားမာန်အပြည့်နဲ့ ပြည်သူတွေအတွက် သစ္စာကျိမ်ဆိုခဲ့တဲ့အပြင် သစ္စာရေပါ သောက်ခဲ့ကြတာ ဖြစ်ပါတယ်။ ပြည်သူ့ရဲဘော်တွေကတော့ မဝေးတော့တဲ့ ဒီမိုကရေစီအိပ်မက်ကို ပုံဖော်နိုင်ဖို့ အသင့်ဖြစ်နေကြပါပြီ ဖြစ်ပါတယ်။ ဒီမိုကရေစီကို မျှော်လင့်ကြတဲ့ ပြည်သူတွေအတွက် Area-21 အပတ်စဉ် (၃) သင်တန်းဆင်းပွဲ ဗီဒီယိုလေးကို ဂုဏ်ယူစွာနဲ့ တင်ဆက်ပေးလိုက်ပါတယ်။

သတင်း အရင်းအမြစ်Source - Area-21

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T