အရေးပေါ်အခြေအနေ ကြေညာလိုက်တာနဲ့ပတ်သက်ပြီး မြို့ပြတိုက်ပွဲတွေဖြစ်လာရင် ပြည်သူတွေဘက်က လုပ်ဆောင်သင့်တာတွေကိုပြောပြလာတဲ့ PDF တစ်ဦး

//s9.kh1.co/7a/7a98c21353f00a6b9af5631b6a5ea675c2f5abf4.jpg
နေ့စဉ်သတင်းများ

 ၀၇-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

အရေးပေါ်အခြေအနေ ကြေညာလိုက်တာနဲ့ပတ်သက်ပြီး မြို့ပြတိုက်ပွဲတွေဖြစ်လာရင် ပြည်သူတွေဘက်က လုပ်ဆောင်သင့်တာတွေကိုပြောပြလာတဲ့ PDF တစ်ဦး

ယနေ့ စက်တင်ဘာလ (၇) ရက်နေ့ကစပြီး နိုင်ငံတော်ကို အရေးပေါ်အခြေအနေအဖြစ် ကြေညာလိုက်ပြီဖြစ်ကြောင်း NUG အစိုးရဘက်က ထုတ်ပြန်လိုက်တာ တွေ့ရပါတယ်။ NUG အစိုးရရဲ့ယာယီသမ္မတဖြစ်တဲ့ ဒူဝါလရှီးလကလည်း ယနေ့မနက်ပိုင်းမှာပဲ ပြည်သူတွေကို မိန့်ခွန်းပြောကြားလိုက်တာ ဖြစ်ပါတယ် ။ ဒီသတင်းကြောင့် ပြည်သူတွေကြားမှာ လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့ပြီး အရေးပေါ်လုပ်ဆောင်ရမယ့် အချက်တွေကိုလည်း တတ်ကျွမ်းနားလည်သူတွေက သတိပေးမျှဝေနေကြတာ ဖြစ်ပါတယ် ။

Photo Crd-Committee Represtenting Pyidaungsu Hluttaw’s And Facebook Page 
Photo Crd-Committee Represtenting Pyidaungsu Hluttaw’s And Facebook Page 
Photo Credit-Original Uploader
Photo Credit-Original Uploader

ဒီနေ့ကစပြီး ပြည်သူတွေအနေနဲ့ အစစအရာရာ ပိုမိုသတိထားပြီး သွားလာလှုပ်ရှားဖို့လိုအပ်သလို လိုက်နာရမယ့်အချက်တွေကိုလည်း သေချာမှတ်သားထားဖို့ လိုအပ်ပါတယ်။ NUG အစိုးရဘက်က D Day ကြေညာလိုက်တာနဲ့ပတ်သက်ပြီး PDF အဖွဲ့ဝင်လူငယ်တစ်ဦးကလည်း သူ့ရဲ့သဘောထားကို ပြောပြထားတာ တွေ့ရပါတယ်။ ဒီလူငယ်လေးကတော့ တောထဲတောင်ထဲမှာ ဆင်းရဲပင်ပန်းခံကာ စစ်ရေးလေ့ကျင့်ခဲ့ပြီးမှ မြေပြင်မှာ အမှန်တကယ် တိုက်ပွဲဝင်နေတဲ့ PDF အဖွဲ့ဝင်တစ်ဦးဖြစ်ပါတယ်။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

သူကတော့ မြို့ပြတိုက်ပွဲတွေဖြစ်လာခဲ့ရင် ပြည်သူတွေအနေနဲ့ မကြောက်ကြဖို့ပြောထားပြီး PDF တွေကို တတ်နိုင်သလောက်ကူညီပါဆိုပြီး တောင်းဆိုထားတာ ဖြစ်ပါတယ် ။ " ဒီပွဲက ပြည်သူတွေအကုန် ပါဝင်မှ အမြန်ဆုံးနိုင်မှာနော် လက်နက်ကိုင်ပြီးတိုက်မှ တော်လှန်ရေးမဟုတ်ဘူးနော် အားလုံး Fighting အဆိုးဆုံးနေ့ရက်တွေကို ဖြတ်ကျော်ပြီးရင် အကောင်းဆုံးနေ့ရက်တွေ ရောက်လာလိမ့်မယ်" ဆိုပြီး ပြည်သူတွေကို ပြောကြားလိုက်တာ ဖြစ်ပါတယ် ။ ပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်ပေးဖို့ တောင်းဆိုလာတဲ့ PDF လူငယ်တစ်ဦးရဲ့ပြောကြားချက်ကို ဖော်ပြပေးလိုက်တာပဲ ဖြစ်ပါတယ် ။

Source & Photo Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T