ယနေ့ကစပြီး အရေးပေါ်အခြေအနေ ကြေညာလိုက်ပြီး လုပ်ဆောင်ရမယ့်အချက်တွေကိုပြောလာတဲ့ NUG အစိုးရ ယာယီသမ္မတကြီးရဲ့ ဗီဒီယိုဖိုင်

//s9.kh1.co/50/5010f1cbea0c0964a2f0564b62af2ad251ba51bc.jpeg
နေ့စဉ်သတင်းများ

 ၀၇-စက်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

မကြာသေးခင် နာရီပိုင်းလောက်က လူမှုကွန်ယက်တွင် ဗီဒီယိုဖိုင်တစ်ခု ဝေမျှပေးလာခဲ့တာ ဖြစ်ပါတယ်။ ဒါကတော့ ယနေ့ကစပြီး အရေးပေါ်အခြေအနေ ကြေညာလိုက်ပြီး လုပ်ဆောင်ရမယ့်အချက်တွေကိုပြောလာတဲ့ NUG အစိုးရ ယာယီသမ္မတကြီးရဲ့ ဗီဒီယိုဖိုင်ပဲ ဖြစ်ပါတယ်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလမှစတင်ပြီး အာဏာရှင်လူတစ်စုဟာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို သိမ်းပိုက်ထားခဲ့ကြတာ ဖြစ်ပါတယ်။

Photo Crd-Committee Represtenting Pyidaungsu Hluttaw’s And Facebook Page 

ပြည်သူတွေကလည်း နည်းလမ်းမျိုးစုံဖြင့် အာဏာရှင်အုပ်ချုပ်မှုအား ခုခံတွန်းလှန်လျက်ရှိခြင်း၊ တရားမဝင် စစ်အုပ်ချုပ်ရေး ယန္တရားတစ်ခုလုံးကို အပြီးတိုင် ဖျက်သိမ်းပစ်ရန် လိုအပ်လာတာကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဟာ ဒီနေ့မနက်တွင် အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ကြောင်း ကြေညာလိုက်တာ ဖြစ်ပါတယ်။ အရေးပေါ်အခြေအနေသက်ရောက်တဲ့ နယ်မြေဟာ ပြည်ထောင်စုမြန်မာနိုင်ငံတော်တစ်ဝန်းလုံးဖြစ်ပြီးအချိန်ကာလအားဖြင့် ပြည်သူ့အုပ်ချုပ်ရေးအာဏာ ပြန်လည်ထူထောင်နိုင်တဲ့ အချိန်အဖြစ် သတ်မှတ်လိုက်ပြီဖြစ်ကြောင်း ဗီယိုဖိုင်ထဲတွင် ပြောကြားထားတာ ဖြစ်ပါတယ်။ 

Photo Crd-Committee Represtenting Pyidaungsu Hluttaw’s And Facebook Page 
Photo Crd-Committee Represtenting Pyidaungsu Hluttaw’s And Facebook Page 
Photo Crd-Committee Represtenting Pyidaungsu Hluttaw’s And Facebook Page 
Photo Crd-Committee Represtenting Pyidaungsu Hluttaw’s And Facebook Page 

ဒါ့အပြင် အရေးပေါ်အခြေအနေများနဲ့ ကြုံတွေ့လာတဲ့အခါ လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ထားကြဖို့ ယာယီသမ္မတကြီးမှ ဗီဒီယိုဖိုင်ထဲတွင် ပြောထားတာ ဖြစ်ပါတယ်။ ပြည်သူတွေကလည်း မျှော်လင့်နေတဲ့ နေ့ရက်ကို ရောက်လာပြီဖြစ်တဲ့အတွက် ကြိုတင်ပြင်ဆင်မှုတွေကို စတင်လုပ်ဆောင်နေကြပြီဖြစ်ကြောင်း comment များတွင် ရေးသားထားကြတာ ဖြစ်ပါတယ်။ အားလုံးလည်း ကြည့်ရှုနိုင်စေဖို့ ဗီဒီယိုဖိုင်ကိုပါ တစ်ပါတည်း တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Committee Represtenting Pyidaungsu Hluttaw’s And Civil Guardians’s Facebook Page 

Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T