သားနှင့် ခင်ပွန်းသည်တို့ရဲ့ စိတ်ကြောင့် ရင်ကွဲနာကျပြီး သေဆုံးခဲ့ရတဲ့ ဘီလူးမကြီးကို ပုံဖော်ထုဆစ်ထားတဲ့ ထိုင်းနိုင်ငံ Puek Tian ကမ်းခြေက ထိပ်လန့်စရာ ရုပ်ထုကြီး

//s9.kh1.co/ba/baa06a8e38add9eda80856386be7ed4bbbaba703.jpg
နေ့စဉ်သတင်းများ

 ၀၆-စက်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

ထိုင်းနိုင်ငံ Puek Tian ကမ်းခြေမှာရှိတဲ့ ထူးထူးခြားခြား ရုပ်ထုကြီးနှစ်ခုရဲ့ အချစ်ဇာတ်ကြောင်းလေးကို လတ်တလော လူမှုကွန်ယက်တွေမှာ ဖော်ပြလာတာ တွေ့ရပါတယ်။ ဒီရုပ်ထုကြီးတွေကတော့ ရုပ်ဆိုးလွန်းတဲ့ ဘီလူးမကြီးအပြင် ကျောက်ဆောင်ပေါ်မှာ ပုလွေထိုင်မှုတ်နေတဲ့ မင်းသားလေးတစ်ပါးပဲ ဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ အချစ်ဇာတ်ကြောင်းလေးကို ထိုင်းတွေက ရုပ်ရှင်ပြန်လည်ရိုက်ကူးထားတာတွေလည်း ရှိပါတယ်။

Photo Credit - Puek Tian beach
Photo Credit - Puek Tian beach
Photo Credit - Puek Tian beach
Photo Credit - Puek Tian beach

 ပုလွေမှုတ်ထူးခြားတဲ့ မင်းသားလေးကို ဘီလူးမကြီးက မြင်မြင်ချင်းသဘောကျခဲ့ရာကနေ လူအသွင်ဖန်ဆင်းပြီး လူသူအရောက်နည်းတဲ့ သူနေထိုင်ရာဂူအတွင်းသို့ ခေါ်ဆောင်ပြီး လက်ထပ်ပေါင်းသင်း နေထိုင်ခဲ့ပါတယ်။ ဒီလိုဂူအတွင်းမှာ ပေါင်းသင်းနေထိုင်ရာကနေ သားလေးတစ်ယောက်ရလာခဲ့ပြီးနောက် တစ်နေ့မှာ မင်းသားလေးဟာ သူ့ဇနီးသည်ကို ဘီလူးမှန်းသိသွားခဲ့ပါတယ်။ တစ်နေ့မှာတော့ ဘီလူးမမရှိခင်လေးမှာ မင်းသားလေးဟာ သားဖြစ်သူနဲ့အတူ ဂူနဲ့ဝေးရာအရပ်သို့ ပင်လယ်ပြင်အားကူးခပ်ပြီး ထွက်​ပြေးခဲ့ပါတယ်။

Photo Credit - Puek Tian beach
Photo Credit - Puek Tian beach
Photo Credit - Puek Tian beach
Photo Credit - Puek Tian beach

ဘီလူးမကြီးဟာ ဒီလိုထွက်ပြေးသွားတဲ့ ခင်ပွန်းသည်နဲ့ သား​လေးတို့ရဲ့ အနောက်ကိုလိုက်ပြီး သူနဲ့အတူ ပြန်လိုက်ခဲ့ဖို့ ပြောပေမယ့် သူမအရမ်းချစ်တဲ့ မင်းသားလေးက ငြင်းဆိုခဲ့ပါတယ်။ နောက်ပိုင်းမှာ မင်းသားလေးက သူ့ရဲ့ ပုလွေလေးကိုမှုတ်ခဲ့ပြီး ဘီလူးမကြီးဟာ သားနှင့် ခင်ပွန်းသည်တို့ရဲ့ စိတ်ကြောင့် ပင်လယ်ပြင်ထဲမှာပဲ ရင်ကွဲနာကျပြီး သေဆုံးခဲ့ပါတယ်။ ဒီဇာတ်ကြောင်းလေးကို အခြေပြုပြီး ထိုင်းလူမျိုးတွေက Puek Tian ကမ်းခြေမှာ ပုံဖော်ထုဆစ်ထားခဲ့တာ ဖြစ်ပါတယ်။ဒါ့အပြင် ဒီရုပ်ထုတွေရဲ့ ဇာတ်ကြောင်းဟာ အများစုကတော့ ထိုင်းနန်းတွင်း အချစ်ဝတ္ထုတော်ကြီး လို့လည်းပြောခဲ့ကြပြီး မြန်မာ့ဇာတ်တော်ထဲမှာလည်း ဖော်ပြတာတွေ့ရပါတယ်။ သူတို့နှစ်ဦးရဲ့ အချစ်ဇာတ်လမ်းလေးကိုလည်း မြန်မာပရိသတ် တော်တော်များများလည်း သိကြမယ်လို့ထင်ပါတယ်။ ဒီအကြောင်းလေးနဲ့ပတ်သက်ပြီး Puek Tian ကမ်းခြေမှာ ရှိတဲ့ ရုပ်ထုကြီးတွေကို ပရိသတ်တွေ ဗဟုသုတရအောင် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Puek Tian beach
Photo Credit - Puek Tian beach
Photo Credit - Puek Tian beach
Photo Credit - Puek Tian beach

သတင်း အရင်းအမြစ်Source - Original Upload

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T