ရင်သား Size ကြီးလွန်းတာကြောင့် သေးသွားအောင် ခွဲစိတ်မှုလုပ်ခဲ့ပေမယ့် အရင်လိုပြန်ကြီးထွားလာတဲ့အဖြစ်နဲ့ ကြုံလိုက်ရတဲ့ကောင်မလေး

//s9.kh1.co/91/91e4ee020b2c482c0afd8b72d03074d92bd9bd3b.jpg
နေ့စဉ်သတင်းများ

 ၀၆-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

ရင်သား Size ကြီးလွန်းတာကြောင့် သေးသွားအောင် ခွဲစိတ်မှုလုပ်ခဲ့ပေမယ့် အရင်လိုပြန်ကြီးထွားလာတဲ့အဖြစ်နဲ့ ကြုံလိုက်ရတဲ့ကောင်မလေး

California ပြည်နယ်၊ Los Angeles နေထိုင်တဲ့ အဆိုတော်မလေး Bethanie Lyon က သူမရဲ့ရင်သား Size ကိုလျှော့ချဖို့အတွက် ပေါင် (၇၀၀၀)ခန့် သုံးစွဲခဲ့ရတာ ဖြစ်ပါတယ် ။ Bethaine Lyon က သူမရဲ့ E Cup အရွယ်ရင်သားအတွက် ငွေကြေးအမြောက်အမြား အကုန်ကျခံပြီး ခွဲစိတ်ခဲ့ရတာ ဖြစ်ပါတယ်။ ခွဲစိတ်ပြီးနောက်မှာတော့ သူမရဲ့ရင်သားက C Cup အရွယ်ဖြစ်သွားတဲ့အတွက် Bethaine က စိတ်ကျေနပ်ပျော်ရွှင်ခဲ့ရတာ ဖြစ်ပါတယ် ။

Photo Credit-Metro
Photo Credit-Metro
Photo Credit-Metro
Photo Credit-Metro

ဒါပေမဲ့ ခွဲစိတ်မှုအပြီး (၃)လအကြာမှာ သူမရဲ့ဝတ်စုံချုပ်ရိုးတွေက ကွဲထွက်လာပြီး ရင်သားတွေ တစ်ဖန်ပြန်လည်ကြီးထွားလာတာကို Bethaine က သတိပြုမိခဲ့တာ ဖြစ်ပါတယ်။ (၉)လအကြာမှာတော့ Beathine အနေနဲ့ အရင်ရှိခဲ့တဲ့ ရင်သား Size နီးပါးအတိုင်း ပြန်ဖြစ်သွားခဲ့တာ ဖြစ်ပါတယ် ။ ဒီရင်သားတွေကြောင့် Beathine အနေနဲ့ ရှက်ရွံ့ခဲ့ရသလို သူမရဲ့အလုပ်အပါအဝင် ဖက်ရှင်နဲ့ပတ်သက်ပြီးတော့လည်း အဆင်မပြေမှုတွေ ဖြစ်ခဲ့ရတာ ဖြစ်ပါတယ် ။

Photo Credit-Metro
Photo Credit-Metro

Professional အဆိုတော်၊အကသမားတစ်ယောက်ဖြစ်တဲ့ Beathine က သူမရဲ့ရင်သားအရွယ်အစားကြောင့် ကပြဖျော်ဖြေတဲ့အခါမှာလည်း အခက်အခဲတွေဖြစ်ခဲ့ရပြီး သူမဝတ်ချင်တဲ့ အဝတ်အစားတွေကို ဝတ်လို့မရတာမျိုးတွေလည်း ဖြစ်ခဲ့ပါတယ်။ဒါကြောင့် Beathine က မိဘတွေရဲ့အကူအညီနဲ့ Cool Springs Plastic Surgery မှာ ဒေါ်လာ ၁၀၀၀၀ (ပေါင် ၇၀၀၀) ပေးပြီး ခွဲစိတ်ခဲ့တာ ဖြစ်ပါတယ် ။ ဒီခွဲစိတ်မှုကြောင့် Beathine အနေနဲ့ နာကျင်မှုတွေခံစားခဲ့ရပြီး ပြန်လည်နာလန်ထနိုင်ဖို့အတွက် အစွမ်းကုန်ကြိုးစားခဲ့ရတာ ဖြစ်ပါတယ် ။ အဲ့ဒီနောက်မှာတော့ Beathine က သူမရဲ့အလုပ်တွေကို ပြန်လည်လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ် ။ အခုချိန်မှာ Beathine က သူမရဲ့ရင်သားကြီးထွားတာနဲ့ပတ်သက်ပြီး ဆယ်ကျော်သက်အရွယ်တုန်းကလို ရှက်ရွံ့မှုတွေမရှိတော့ဘူးလို့ ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ သူမအနေနဲ့ အနာဂတ်မှာတော့ ခွဲစိတ်မှုပြန်လုပ်ဖို့အတွက် စဥ်းစားနေသေးတာလည်း ဖြစ်ပါတယ် ။ 
Source & Photo Credit-Metro

Photo Credit-Metro
Photo Credit-Metro
Photo Credit-Metro
Photo Credit-Metro
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T