လမ်းဘေးတစ်နေရာမှာ စွန့်ပစ်ခံထားရပြီး နောက်ဆုံးထွက်သက်ကို ခက်ခက်ခဲခဲနဲ့ ဖြတ်သန်းသွားရတဲ့ အဖိုးအိုရဲ့ဗီဒီယို

//s9.kh1.co/3a/3a596b81ea121e9a17ddfe4de4d7bd95d57d0339.png
နေ့စဉ်သတင်းများ

 ၀၆-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

စွန့်ပစ်ခံရတဲ့ ဘိုးဘွားတွေရဲ့ဘဝတွေဟာ တကယ်ကိုသနားဖို့ကောင်းပါတယ်။ အသက်အရွယ်ကြီးရင့် လာတဲ့အချိန်မှာ ငယ်စဉ်တုန်းကလို အလုပ်တွေမလုပ်နိုင်တော့တာ ကြောင့် မိသားစုရဲ့ငြိုငြင်မှုကိုခံခဲ့ရပြီး နောက်ဆုံးမှာ စွန့်ပစ်ခံရတဲ့ အခြေအနေဆိုးကိုပါ ရောက်သွားခဲ့တာပါ။ ကိုယ်ငယ်ငယ်ကတည်းက ကျွေးမွေးပြုစုလာတဲ့ မိဘတွေကို ဘယ်နည်းနဲ့မှ မစွန့်ပစ်သင့်ပါဘူး။ အခုလိုလုပ်ရပ်တွေဟာလည်း မလုပ်သင့်တဲ့လုပ်ရပ်တွေပါ။

Photo Credit - ArrPuu Tuu's FB Acc
Photo Credit - ArrPuu Tuu's FB Acc

ပရဟိတအလုပ်တွေကို တွင်တွင်ကျယ်ကျယ်လုပ်နေတဲ့ ကိုပူတူးဟာ အဖိုးတစ်ယောက် လမ်းဘေးမှာ စွန့်ပစ်ခံထားရတယ်လို့ အကြောင်းကြားတာကြောင့် သွားရောက်ကြည့်ရှုပြီး အနီးအနားရှိသူတွေကို ဖြစ်စဉ်မေးမြန်းစဉ်မှာ စွန့်ပစ်ထားတာ (၃) ရက်ဝန်းကျင်လောက် ရှိခဲ့ပြီဖြစ်ပြီး လက်ရှိအချိန်ထိလည်း အုန်းရေလေးသာတိုက်ထားခဲ့သလို တိုက်ထားတဲ့ အုန်းရေတွေဟာလည်း နှာခေါင်းထဲကပြန်ထွက်လာတာ ကြောင့် ဆက်မတိုက်ဘဲ ဒီတိုင်းထားထားခဲ့တယ်လို့ဆိုပါတယ်။ သတိလစ်သလိုဖြစ်နေတဲ့ အဖိုးကိုလှုပ်နှိုးတဲ့ အချိန်မှာ နှလုံးပြန်ခုန်လာခဲ့ပြီး အနည်းငယ်လှုပ်ရှားတာတွေရှိလာခဲ့ပါတယ်။

Photo Credit - ArrPuu Tuu's FB Acc
Photo Credit - ArrPuu Tuu's FB Acc

ဒီနောက်မှာပဲ ချက်ချင်းဆိုသလို ဆုံးပါးသွားခဲ့တာပါ။ ကြိုးစားကယ်တင်ခဲ့ပေမယ့် ကံမကောင်းခဲ့တဲ့ အဖိုးဟာ လမ်းဘေးတစ်နေရာမှာပဲ အသက်ဆုံးရှုံးခဲ့ရပါတယ်။ ကိုပူတူးကတော့ သက်ဆိုင်ရာကို အကြောင်းကြာပြီး လိုအပ်တာတွေ ဆက်လက်ကူညီပေးခဲ့ပါတယ်။ လောကကြီးမှာ ရက်စက်တတ်တဲ့ လူတွေရှိသလို ကူညီဖေးမတတ်တဲ့ လူတွေလည်းအများကြီးရှိနေပါလားဆိုတာကို ဒီဗီဒီယိုလေးက သက်သေပြနေခဲ့ပါတယ်။ ကွယ်လွန်သူအဖိုးလည်း ကောင်းမွန်ရာဘုံဘဝမှာ အေးချမ်းနေပါစေ။

သတင်း အရင်းအမြစ်ArrPuu Tuu's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T