မသန့်ရှင်းတဲ့ ချောင်းရေသောက်ကာ ဖြစ်သလိုနေဖြစ်သလိုစားနေရတဲ့အချိန်မှာတောင် အဆင်ပြေတဲ့အကြောင်း ပြည်သူတွေသတင်းစကားပါးလိုက်တဲ့ PDF လူငယ်လေးများ

//s9.kh1.co/5e/5ef20b280b5bf074241a42c0540ff01b9084d3e9.jpeg
နေ့စဉ်သတင်းများ

 ၀၆-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

တော်လှန်ရေးတိုက်ပွဲကြီးအတွက် လူငယ်တွေများစွာက သူတို့ရဲ့ အနာဂတ်အိပ်မက်တွေကို စွန့်ကား မိဝေးဖဝေးနဲ့ မိသားစုတွေရဲ့အဝေးမှာ တော်လှန်ရေးအတွက် ကြိုးစားတိုက်ပွဲဝင်နေကြတာ ဖြစ်ပါတယ်။ တောထဲမှာ အခက်အခဲတွေအမျိုးမျိုးကို ရင်ဆိုင်ကာ စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ပြီး သင်တန်းဆင်းပြီးနောက်မှာလည်း ရှေ့တန်းထွက်က ပြည်သူတွေအတွက်အသက်ပေး တော်လှန်နေကြတာပါ။

Photo Credit - Hein Htet San's Fb Acc
Photo Credit - Hein Htet San's Fb Acc
Photo Credit - Hein Htet San's Fb Acc
Photo Credit - Hein Htet San's Fb Acc

​ဝမ်းနည်းအားငယ်မှုတွေ၊ မိသားစုနဲ့ အိမ်ကိုလွမ်းနေတဲ့ စိတ်တွေကို ချိုးနှိမ်ကာ အရေးတော်ပုံကြီးအောင်မြင်ဖို့ကိုသာ ပဓာနထား ကြိုးစားနေကြတဲ့ ရဲဘော်လေးတွေကတော့ ရှေ့တန်းမှာ အန္တရာယ်အခက်အခဲတွေကို အများဆုံး ကြုံတွေ့နေကြရတာလည်း ဖြစ်ပါတယ်။ တောထဲမှာ ဖြစ်သလိုနေ ဖြစ်သလိုစားနေရတဲ့အပြင် သောက်သုံးရေ ခက်ခဲနေတဲ့အချိန်မှာတောင် စိတ်ပူနေကြသူတွေကို အားပေးစကားပြောထားပါသေးတယ်။

Photo Credit - Hein Htet San's Fb Acc
Photo Credit - Hein Htet San's Fb Acc
Photo Credit - Hein Htet San's Fb Acc
Photo Credit - Hein Htet San's Fb Acc

လေးလံတဲ့အထုတ်အပိုးတွေကို ကိုယ်စီလွယ်ကာ ရေစီးသန်တဲ့ချောင်းကို ကြိုးစားဖြတ်ကူးနေကြပြီး အိပ်စက်အနားယူတဲ့အချိန်မှာလည်း ဖြစ်သလိုအိပ် ဖြစ်သလိုစားနေတဲ့အပြင် ရေကိုတောင် ခက်ခက်ခဲခဲသောက်သုံးနေကြတာ တွေ့ရပါတယ်။ လွတ်လပ်တဲ့ပြည်သူလူမျိုးများ အားလုံးအတွက် အသက်စွန့်ရဲသလို မိုးထဲရေထဲမှာလည်း သူတို့အတွက် အဆင်ပြေကြတာမို့ ပြည်သူတွေသာ အဆင်ပြေပြေနေကြဖို့ ပြန်လည်အားပေးရင်း တိုက်တွန်းပြောလာပါတယ်။ ရဲရင့်ပြတ်သားပြီး ခိုင်မာတဲ့ စိတ်ခွန်အားတွေနဲ့ သူရဲကောင်းဆန်ဆန် အနစ်နာခံတိုက်ပွဲဝင်နေကြတဲ့ လူငယ်ရဲဘော်လေးတွေရဲ့ ရှေ့တန်းအခက်အခဲတွေကို ပြည်သူတွေအားလုံးကလည်း စာနာနားလည်ကာ တတ်နိုင်သလောက် တစ်တပ်တစ်အားပါဝင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်။ 

Photo Credit - Hein Htet San's Fb Acc
Photo Credit - Hein Htet San's Fb Acc
Photo Credit - Hein Htet San's Fb Acc
Photo Credit - Hein Htet San's Fb Acc

သတင်း အရင်းအမြစ်Hein Htet San's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T